
ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းသည် ဘာစီလိုနာအသင်းမှ နယ်သာလန်ကွင်းလယ်ကစားသမား ဖရန်ကီဒီယွန်းကို လာမည့်နွေရာသီ၌ ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရသည်။
ဒီယွန်း(၂၇ နှစ်)သည် ၂၀၂၆ နွေရာသီတွင် ဘာစီလိုနာအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး လစာငွေမြင့်မားစွာပေးချေနေရခြင်း ကြောင့် ဘာစီလိုနာအသင်းက ရောင်းထုတ်ရန် ဆန္ဒရှိနေသည်။
ဘာစီလိုနာအသင်းသည် ဒီယွန်းကို ၂၀၁၉ နွေရာသီတွင် ယူရို(၇၅)သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်၌ ၎င်း၏နေရာကို အစားထိုးနိုင်သည့် လူငယ်ကြယ်ပွင့်ကစားသမားများစွာ ပိုင်ဆို်င်ထားခြင်းကြောင့် ရောင်းထုတ်ရန် ဆန္ဒရှိနေခြင်းဖြစ်ကြောင်းလည်း သိရသည်။
ဘာစီလိုနာအသင်းသည် စာချုပ်သက်တမ်း ကုန်ဆုံးရန်နီးကပ်နေပြီဖြစ်သောကြောင့် ဒီယွန်းအတွက် ပြောင်းရွှေ့ကြေး ယူရို(၄၅)သန်းဝန်းကျင် ရရှိလျှင်ပင် ရောင်းထုတ်ရန် ဆန္ဒရှိနေကြောင်း စပိန်မီဒီယာများက ဖော်ပြနေကြသည်။
လက်ရှိအချိန်တွင် နယ်သာလန်ကွင်းလယ်ကစားသမား ဒီယွန်းအား ခေါ်ယူရန် လီဗာပူးလ်အပါအဝင် ဥရောပထိပ်သီးအသင်းအချို့ကလည်း စိတ်ဝင်စားနေသည်။
အယ်လ်အစ်တီဟတ်အသင်းက ဒီယွန်းကို ဘာစီလိုနာအသင်းတွင် ရရှိနေသည့် လက်ရှိလစာထက် နှစ်ဆပေး၍ ကမ်းလှမ်းရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။