
ရီးယဲလ်အသင်းမှ ပြင်သစ်တိုက်စစ်မှူး ဘာပေ၏ ဖယောင်းရုပ်တုကို ယခုနှစ်အတွင်း လန်ဒန်မှ မဒမ်တူးဆော့ပြတိုက်တွင် ထားရှိမည်ဖြစ်ကြောင်း သိရသည်။
မဒမ်တူးဆော့ဖယောင်းပြတိုက်သည် နာမည်ကျော် လူပုဂ္ဂိုလ်များ၏ ပုံတူရုပ်တုများကို စုဆောင်းပြသပေးနေသည့် ပြတိုက်တစ်ခုဖြစ်ပြီး ၎င်းတို့၏ ပြတိုက်များမှာ ကမ္ဘာ့အနှံ့အပြားတွင် တည်ရှိနေသည်။
ဘာပေသည် ၎င်း၏ ပုံတူဖယောင်းရုပ်တုကို ပြီးခဲ့သည့်နှစ်အတွင်းက ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှ မဒမ်တူးဆော့ပြတိုက်အတွက် ပေးအပ်ခဲ့ပြီးဖြစ်သည်။
ယခုအခါ လန်ဒန်မြို့မှ ပြတိုက်တွင် ထပ်မံထားရှိရန်အတွက် သက်ဆိုင်ရာပညာရှင်များက ၎င်း၏ ခန္ဓာကိုယ်အချိုးအစားနှင့် အတိုင်းအထွာများကို ပြီးခဲ့သည့် လများကတည်းက လာရောက်ယူဆောင်ခဲ့ကြောင်း သိရသည်။
"မဒမ်တူးဆော့လန်ဒန်နဲ့ ပြီးခဲ့တဲ့လအနည်းငယ်ကတည်းက ကျွန်တော် ပူးပေါင်းဆောင်ရွက်နေတာပါ။ လန်ဒန်မှာ နောက်ဆုံးမြင်တွေ့ရမယ့် ပုံစံအတွက် ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေပါတယ်။ မဒမ်တူးဆော့ဘာလင်မှာတုန်းက ရုပ်တုကတော့ ကျွန်တော်နဲ့ အရမ်းတူပါတယ်။ အခုဟာကတော့ နောက်ထပ်တစ်ခုပေါ့"ဟု ဘာပေက ပြောကြားခဲ့သည်။
လန်ဒန်မှ မဒမ်တူးဆော့ပြတိုက်တွင် ဒေးဗစ်ဘက်ခမ်နှင့် စီရော်နယ်လ်ဒိုတို့၏ ဖယောင်းရုပ်တုများ ရှိနေကြောင်းလည်း သိရသည်။