Eleven Media Group

■ ကူညာကို လျော်ကြေးပေး၍ ခေါ်ယူလိုသည့် ကလပ်အသင်းများစွာ ရှိနေ

ဝုလ်ဗ်အသင်းသည် ဘရာဇီးလ်တိုုက်စစ်ကစားသမား ကူညာကို ၂၀၂၉ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့သော်လည်း ၎င်းကို လျော်ကြေးပေး၍ ခေါ်ယူလိုသည့် ကလပ်အသင်းများစွာရှိနေကြောင်း သိရသည်။

ကူညာသည် ဝုလ်ဗ်အသင်းနှင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ရာတွင် ပေါင်(၆၂)သန်းတန် လျော်ကြေးစာချုပ် ချုပ်ဆိုခဲ့ပြီး အဆိုပါစာချုပ်မှာ လာမည့် ၂၀၂၅ နွေရာသီတွင် စတင်အသက်ဝင်မည်ဖြစ်သည်။

အသက်(၂၅)နှစ်သာရှိသေးသည့် ကူညာကို အဆိုပါလျော်ကြေး ပမာဏဖြင့် ခေါ်ယူရန် အာဆင်နယ်၊ ချယ်လ်ဆီး၊ စပါး၊ ဗီလာ၊ နော်တင်ဟမ်နှင့် အက်သလက်တီကိုအသင်းတို့ အသင့်ရှိနေကြောင်း Daily Mail က ဖော်ပြခဲ့သည်။

ကူညာသည် ယခုရာသီတွင် ဝုလ်ဗ်အသင်းအတွက် ခြေစွမ်းပြနေပြီး ပရီးမီးယားလိဂ် (၂၃) ပွဲတွင် (၁၁) ဂိုး သွင်းယူထားသည်။

မူရင်းသတင်း — Eleven Media Group