Eleven Media Group

■ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်များ၌ အချိန်ပိုစနစ် ပယ်ဖျက်ရန် UEFA စဉ်းစားနေ

Photo: Getty Images

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)သည် ချန်ပီယံလိဂ်ရှုံးထွက်အဆင့်များ၌ အချိန်ပိုစနစ် ပယ်ဖျက်ရန် စဉ်းစားနေကြောင်း သိရသည်။

UEFA သည် ယခုရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲကို ပုံစံသစ်ဖြင့် ပြောင်းလဲကျင်းပခဲ့ပြီးနောက် အပြောင်းအလဲများ ထပ်မံပြုလုပ်ရန် စဉ်းစားနေခြင်းဖြစ်သည်။

ချန်ပီယံလိဂ်ပြိုင်ပွဲကို ပုံစံသစ်ဖြင့် ပြောင်းလဲကျင်းပခဲ့ပြီးနောက် ပွဲစဉ်များ များပြားနေခြင်းအတွက် နည်းပြအချို့က ဝေဖန်ပြစ်တင်မှုများ ပြုလုပ်နေခြင်းကြောင့် UEFA က ပွဲပန်းမှုကို လျှော့ချရန် ယခုကဲ့သို့ စဉ်းစားနေခြင်းဖြစ်ကြောင်း သိရသည်။

UEFA က ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ပွဲစဉ်များတွင် ပွဲချိန်မိနစ်(၉၀)အတွင်း အဖြေမပေါ်ခဲ့ပါက အချိန်ပိုမကစားတော့ဘဲ ပယ်နယ်တီအဆုံးအဖြတ်ခံယူစေရန် ဆန္ဒရှိနေခြင်းဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group