
မန်ယူအသင်းမှ အက်စတွန်ဗီလာအသင်းသို့ အငှားဖြင့် ပြောင်းရွှေ့ခဲ့သည့် အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်သည် မန်ယူအသင်းတွင် ရုန်းကန်နေရစဉ်ကာလအတွင်း စပွန်ဆာအခွင့်အရေး(၃)ခုကို ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
ရပ်ရှ်ဖို့ဒ်သည် Burberry၊ Levi's နှင့် Beats တို့၏ စပွန်ဆာများကို ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ရပ်ရှ်ဖို့ဒ်သည် မန်ယူအသင်းတွင် ကြယ်ပွင့်ကစားသမားအဖြစ် ရပ်တည်ခဲ့စဉ်က စပွန်ဆာအခွင့်အလမ်းများစွာ ရရှိခဲ့သော်လည်း ပွဲကစားခွင့်ပျောက်ဆုံးခဲ့ပြီးနောက် အဆိုပါအခွင့်အရေးများ ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။
ထို့ပြင် ရပ်ရှ်ဖို့ဒ်သည် အက်စတွန်ဗီလာအသင်းထံသို့ ပြောင်းရွှေ့ခဲ့ခြင်းကြောင့် Nike ဆီမှာ ရရှိနေသည့် စပွန်ဆာကြေးမှာ လျှော့ကျသွားခဲ့ကြောင်း သိရသည်။
ရပ်ရှ်ဖို့ဒ်သည် မန်ယူအသင်းတွင် ကစားခဲ့စဉ်က Nike နှင့် ချုပ်ဆိုထားသည့် စပွန်ဆာစာချုပ်မှာ တစ်နှစ်လျှင် ပေါင် (၁.၅) သန်း ရရှိခဲ့သော်လည်း အက်စတွန်ဗီလာသို့ ပြောင်းရွှေ့ခဲ့သည့်အတွက် တစ်နှစ်လျှင် ပေါင် (၅၀၀၀၀) သာ ရတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြခဲ့သည်။