
မန်စီးတီးအသင်း၏ တိုက်စစ်မှူး ဟာလန်းသည် အသင်းနှင့် သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုခဲ့ရာ၌ ချန်ပီယံလိဂ်ဝင်ခွင့် မရရှိခဲ့ပါက ထွက်ခွာခွင့်ရရှိမည့်အချက် ပါဝင်ကြောင်း သိရသည်။
ဟာလန်းသည် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း၌ မန်စီးတီးအသင်းနှင့် ၂၀၃၄ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး တစ်ပတ်လစာ ပေါင်(၅၀၀၀၀၀)အထိ တိုးမြှင့်ရရှိသွား မည်ဖြစ်သည်။
မန်စီးတီးအသင်းအနေဖြင့် ၎င်းကို နောက်ထပ် ဆယ်စုနှစ်တစ်ခုနီးပါး ပိုင်ဆိုင်ခွင့် ရရှိမည့်အခြေအနေဖြစ်သော်လည်း ချန်ပီယံလိဂ်ဝင်ခွင့်မရရှိခဲ့ပါက ဟာလန်းသာ ဆန္ဒရှိခဲ့လျှင် အသင်းမှ ထွက်ခွာခွင့်ပြုရမည်ဖြစ်ကြောင်း သိရသည်။
မန်စီးတီးအသင်းသည် ယခုရာသီတွင် ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင် အဆင့် (၁၅) နေရာအထိ ရောက်ရှိနေသည်။
မန်စီးတီးအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၂၄) အပြီးတွင် ရမှတ် (၄၁) မှတ်ဖြင့် အဆင့် (၅) နေရာ၌ ရပ်တည်နေပြီး အဆင့် (၄) နေရာမှ ချယ်လ်ဆီးအသင်း (၄၃ မှတ်)နှင့် (၂) မှတ် ကွာဟနေသည်။
ပရီးမီးယားလိဂ်ရာသီကုန် အမှတ်ပေးဇယားကို ရပ်တည်မှုကို ခန့်မှန်းဖော်ပြခဲ့သည့် Opta စူပါကွန်ပျူတာကမူ မန်စီးတီးအသင်းအနေဖြင့် ယခုရာသီ ပရီးမီးယားလိဂ်တွင် အဆင့် (၃) နေရာ၌ ရပ်တည်နိုင်မည်ဟု ခန့်မှန်းထားသည်။