Eleven Media Group

■ လာလီဂါပွဲစဉ် (၂၃) ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

ဆယ်လ်တာဗီဂို - ဘက်တစ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၈ ရက် ည ၇:၃၀ နာရီ)
ဘက်တစ်ကစားအား ပုံမှန်ပြန်ဖြစ်လာသလို တွေ့ရတယ်။ ဆယ်လ်တာကတော့ ခြေကျနေပြီး ရလဒ်တွေဆိုးရွားနေတယ်။ ဒါပေမဲ့ အစဉ်အလာအရ ဆယ်လ်တာက ဘက်တစ်ကို ဒုက္ခပေးလေ့ရှိလို့ ဂိုးအနည်း သရေပွဲလို့ပဲ မှန်းထားချင်တယ်။


ဘီလ်ဘာအို - ဂျီရိုနာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၈ ရက် ည ၉:၄၅ နာရီ)
ဘီလ်ဘာအိုက နောက်ဆုံး (၂) ပွဲဆက် နိုင်ပွဲပျောက်ထားလို့ အခုအိမ်ကွင်းပွဲကို ဖိဖိစီးစီးကစားလာဖို့ များနေတယ်။ ဂျီရိုနာကလည်း လာလီဂါတစ်ခုပဲ အာရုံစိုက်စရာကျန်တော့လို့ အရင်ထက် ကစားအားပိုကောင်းလာဖို့ ရှိနေတယ်။ ဘီလ်ဘာအိုကို အစဉ်အလာရလည်း သူတင်ကိုယ်တင်ယှဉ်နိုင်လေ့ရှိလို့ ဂျီရိုနာကို လျှော့တွက်လို့ မရဘူး။ ဂိုးအနည်းသရေပွဲလို့ပဲ မှန်ထားချင်တယ်။


လက်စ်ပါမားစ် - ဗီလာရီးယဲလ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၈ ရက် ည ၁၂:၀၀ နာရီ)
လက်စ်ပါမားစ်ရဲ့ အိမ်ကွင်းကစားပုံ မဆိုးပေမဲ့ လတ်တလော ခံစစ်ကစားပုံကတော့ လျော့နေတာကို တွေ့ရတယ်။ ဒါကြောင့် တိုက်စစ်အားပြန်ကောင်းလာပြီး ဂိုးတွေလည်း ပြန်သွင်းပြနေတဲ့ ဗီလာရီးယဲလ်တိုက်စစ်ကို ထိန်းနိုင်ရေးက လက်စ်ပါမားစ်အတွက် အကြီးမားဆုံး စိန်ခေါ်မှုလို့ ပြောရလိမ့်မယ်။ ခြေစွမ်းတက်နေပြီး ဂိုးသွင်းနှုန်းပါ တက်နေတဲ့ ဗီလာရီးယဲလ်နဲ့ ဂိုးအများပဲ ကြိုက်တယ်။


ရီးယဲလ်မက်ဒရစ် - အက်သလက်တီကို (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၉ ရက် နံနက် ၂:၃၀ နာရီ)
နှစ်သင်းကြား တစ်မှတ်ပဲ ကွာတော့ချိန်မှာ ထိပ်တိုက်လာ တွေ့နေကြလို့ ဒီတစ်ခေါက် မက်ဒရစ်ဒါဘီက ပြိုင်ဆိုင်မှုပိုပြင်းထန်လာတော့မယ်။ လက်ရှိမှာ ရီးယဲလ်က ဒဏ်ရာနွံထဲက ရုန်းမထွက်နိုင်သေးဘူး။ အခုမှာ ရူဒီဂါ မပါဝင်နိုင်မှာ မဟုတ်တော့ ရီးယဲလ်ခံစစ်အတွက် စိုးရိမ်စရာပါပဲ။ ရီးယဲလ်ခံစစ်မှာ ရူဒီဂါကို အဓိကအားကိုးပြီး ကစားနေချိန်မှာ သူ မပါနိုင်တာက အန်ဆယ်လော့တီအတွက် ခက်ခဲမှာ သေချာတယ်။ အထူးသဖြင့် အက်သ လက်တီကိုလိုအသင်းနဲ့ အရေးကြီးပွဲကစားရမယ့်အချိန်မှာ ဒီခံစစ်ပြဿနာက ရီးယဲလ်အတွက် အကြီးမားဆုံးအားနည်းမှုလို့ တောင် ပြောရတော့မယ်။ အက်သလက်တီကိုကလည်း ကစားပုံ ပြန်တက်လာနေတဲ့ အချိန်ဆိုတော့ အခွင့်အရေးကိုအသုံးချပြီး ထိပ်ဆုံးနေရာကို ပြန်ယူဖို့ အားထည့်လာမှာပါ။ အက်သလက်တီကိုနဲ့ ဂိုးအများပဲ ရွေးထားရမယ့်ပွဲလို ဖြစ်နေတယ်။

မူရင်းသတင်း — Eleven Media Group