
ဗီရိုနာ - အတ္တလန်တာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၈ ရက် ည ၈:၃၀ နာရီ)
အတ္တလန်တာအသင်း စီးရီးအေနောက်ဆုံး(၆)ပွဲမှာ (၁)ပွဲပဲ အနိုင်ရခဲ့တယ်။ ဒါပေမဲ့ အဝေးကွင်းမှာတော့ အတော်လေးခြေစွာနေပြီး (၉)ပွဲဆက်တိုက် ရှုံးပွဲမရှိကစားကာ (၆)ပွဲအထိ အနိုင်ရခဲ့တာဖြစ်တယ်။ ဗီရိုနာ နိုင်ပွဲပြန်ရထားပေမဲ့ အတ္တလန်တာပဲ နိုင်ဖို့များတယ်။
အမ်ပိုလီ - အေစီမီလန် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၈ ရက် ည ၁၁:၃၀ နာရီ)
အေစီမီလန်အသင်း မီလန်ဒါဘီမှာ အင်တာကို အနိုင်ရလုနီးပါးဖြစ်ခဲ့ပြီးမှ နာကျင်အချိန်ပိုမှာ ချေပဂိုးပေးလိုက်ရတာဖြစ်တယ်။ လက်ရှိအခြေအနေမှာ အေစီမီလန်အနေနဲ့ ထိပ်ဆုံးလေးသင်းစာရင်းဝင်ဖို့ နိုင်ပွဲတွေ မဖြစ်မနေရှာဖွေဖို့ လိုအပ်နေတယ်။ အမ်ပိုလီအသင်းကတော့ (၈)ပွဲဆက် နိုင်ပွဲပျောက်ထား ပြီး ဒီရာသီမှာ အခြေအနေမဟန်ပါဘူး။ အေစီမီလန်အသင်းပဲ နိုင်ဖို့များတယ်။
တိုရီနို - ဂျီနိုအာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၉ ရက် နံနက် ၂:၁၅ နာရီ)
တိုရီနိုအသင်း စီးရီးအေ(၆)ပွဲဆက် ရှုံးပွဲမရှိအောင် ကစားထားပေမဲ့ (၅)ပွဲက သရေကျခဲ့တယ်။ ဒါပေမဲ့ ဂျူဗင်တပ်စ်၊ ဖီအိုရင်တီးနားနဲ့ အတ္တလန်တာတို့ကို သရေခံကစားခဲ့တာဖြစ်တယ်။ ဂျီနိုအာ သရေတော့ရလောက်တယ်။