
ဒေါ့မွန် - စတုဂတ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၈ ရက် ည ၉:၀၀ နာရီ)
ဒေါ့မွန်အသင်းက နည်းပြသစ် နီကိုကိုဗက်နဲ့ ပထမဆုံးပွဲထွက်လာမယ့်ပွဲလည်းဖြစ်တယ်။ နောက်ဆုံးပွဲမှာတော့ ဒေါ့မွန်အသင်း ယာယီနည်းပြလက်ထဲမှာ နိုင်ပွဲပြန်တွေ့ခဲ့တယ်။ ဒေါ့မွန်အသင်းက ဂီဟာဆီ၊ အန်တွန်တို့က အသင်းဟောင်းနဲ့ ပြန်ရင်ဆိုင်ရမှာပါ။ ပထမအကျော့ တွေ့ဆုံမှုမှာ စတုဂတ်အသင်းက ဂိုးပြတ်အနိုင်ရခဲ့ပြီး နောက်ဆုံးလေးပွဲဆက် ရှုံးပွဲမရှိခဲ့ကာ သုံးပွဲ အနိုင်ကစားခဲ့တယ်။ ဒါပေမဲ့ လတ်တလော ဘွန်ဒစ်လီဂါ ရှုံးပွဲဆက်နေတဲ့ စတုဂတ်အသင်းရဲ့ Form ကတော့ သိပ်အထင်ကြီးလို့တော့ မရနိုင်ဘူး။ ဒေါ့မွန်အသင်း နည်းပြသစ်နဲ့ ရလဒ်ကောင်းနိုင်တယ်။
ဟော်ဖန်ဟင်မ် - အူန်ယွန်းဘာလင် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၈ ရက် ည ၉:၀၀ နာရီ)
ဟော်ဖန်ဟင်မ်အသင်းက နောက်ဆုံး(၉)ပွဲမှာ (၁)ပွဲပဲ အနိုင်ရခဲ့ပြီး အူန်ယွန်းဘာလင်ကလည်း အဝေးကွင်း (၆)ပွဲဆက် အရေးနိမ့်ခဲ့တယ်။ ဟော်ဖန်ဟင်မ် နိုင်ပွဲပြန်ရနိုင်တယ်။
ဖရိုင်းဘတ် - ဟိုင်းဟိုင် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၈ ရက် ည ၉:၀၀ နာရီ)
ဖရိုင်းဘတ်အသင်း နောက်ဆုံးပွဲမှာ ရှုံးပွဲဆက်နေမှု ရပ်တန့်ပြီး နိုင်ပွဲပြန်ရထားတယ်။ ဒီပွဲလည်း ဖရိုင်းဘတ်အသင်းပဲ အနိုင်ရဖို့များတယ်။
ဝုလ်ဖ်ဘတ် - လေဗာကူဆင် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၈ ရက် ည ၉:၀၀ နာရီ)
လေဗာကူဆင်အသင်းက ဘွန်ဒစ်လီဂါမှာ ထိပ်ဆုံးရောက်နေတဲ့ ဘိုင်ယန်ထက်တောင် Rhythm ပိုမှန်နေတယ်လို့ ပြောရမယ်။ ဝုလ်ဖ်ဘတ် ရလဒ်ပိုင်းမဆိုးပေမဲ့ လေဗာကူဆင်ကိုပဲ ရွေးချယ်ချင်တယ်။
မိန့်ဇ် - အော့စ်ဘတ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၈ ရက် ည ၉:၀၀ နာရီ)
မိန့်ဇ်အသင်းက နောက်ဆုံးကစားထားတဲ့ အိမ်ကွင်း(၅) ပွဲဆက်တိုက် အနိုင်ရထားတယ်။ အော့စ်ဘတ် ရလဒ်ကောင်းပေမဲ့ မိန့်ဇ်ပဲ ကြိုက်တယ်။
မိုချန်ဂလာဘတ် - ဖရန့်ဖတ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၈ ရက် ည ၁၂:၀၀ နာရီ)
မိုချန်ဂလာဘတ်အသင်းက နိုင်ပွဲပြန်ဆက်ထားပြီး စတုဂတ်ကိုတောင် အဝေးကွင်းမှာ အနိုင်ကစားခဲ့တယ်။ ဖရန့်ဖတ်အသင်း လက်ရှိ အမှတ်ခွဲပေးနေရတဲ့ ပုံစံမျိုးနဲ့ အိမ်ရှင် မိုချန် အမှတ်ရဦးမယ်။