
ဘလက်ဘန်း - ဝုလ်ဗ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၉ ရက် ည ၇:၀၀ နာရီ)
ဝုလ်ဗ်က ပရီးမီးယားလိဂ်မှာ အမှတ်ပေးဇယားအောက်ပိုင်းကို ရောက်ရှိနေတဲ့အသင်းဖြစ်ပြီး ဘလက်ဘန်းကတော့ လာမယ့်ရာသီ ပရီးမီးယားလိဂ်ကို ပြန်တက်လာဖို့အတွက် ကြိုးစားနေတဲ့အသင်းဖြစ်တယ်။ လိဂ်ချန်ပီယံရှစ် အမှတ်ပေးဇယားထိပ်ပိုင်းမှာ ရပ်တည်နေတဲ့အသင်းတွေရဲ့အဆင့်အတန်းက တော်တော်လေး အားကောင်းတဲ့အနေအထားဖြစ်ပြီး အိမ်ကွင်းမှာဆိုရင် ပရီးမီးယားလိဂ်အသင်းတွေကို ဒုက္ခပေးနိုင်တဲ့ အခြေ အနေမှာ ရှိပါတယ်။ ဝီမန်၊ အိုဟာရှီတို့တိုက်စစ်အတွဲကလည်း အားကောင်းနေလို့ ဝုလ်ဗ် ရုန်းကန်ရနိုင်တယ်။
ပလိုင်းမောက် - လီဗာပူးလ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၉ ရက် ည ၉:၃၀ နာရီ)
ပလိုင်းမောက်က လိဂ်ချန်ပီယံရှစ် အမှတ်ပေးဇယားမှာ အောက်ဆုံးကိုရောက်နေတယ်။ လာမယ့်ရာသီမှာ တန်းမဆင်းရဖို့အတွက် အသည်းအသန်ရုန်းကန်နေရချိန်မှာ လီဗာပူးလ်အသင်းနဲ့ပွဲက သူတို့အတွက် သိပ်ပြီး အဓိပ္ပာယ်ရှိတဲ့ အခြေအနေ မဟုတ်ဘူး။ လိဂ်ချန်ပီယံရှစ်ကို ပိုအားထည့်ရမယ့် အခြေအနေမှာ အားထည့်ရင်တောင် နိုင်ဖို့မရှိတဲ့ ပြိုင်ဘက်မျိုးနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်။ လီဗာပူးလ်က ပြိုင်ပွဲစုံမှာ ပုံစံကောင်းပြနေတဲ့ အ သင်းပါ။ ဒီပွဲမတိုင်ခင်တော့ စပါးနဲ့ပွဲကစားထားရဖို့ရှိတယ်။ ဒါကြောင့် လူစုံမသုံးနိုင်ဘူး။ ဒါပေမဲ့ လီဗာပူးလ်ပဲ နိုင်မယ်။
အက်စတွန်ဗီလာ - စပါး (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၀ ရက် နံနက် ၀၀:၀၅ နာရီ)
စပါးအသင်းက ဒီပွဲမတိုင်ခင် လီဗာပူးလ်နဲ့ ကစားထားရပြီး၊ ဒီပွဲပြီးရင်လည်း မန်ယူနိုက်တက်နဲ့ ကစားရဦးမှာဖြစ်တယ်။ ဒါကြောင့် စပါးအတွက်ပွဲက တော်တော်လေးကျပ်တဲ့ အချိန်ကိုရောက်နေတယ်။ အက်စတွန်ဗီလာက မန်ယူနိုက်တက်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူထားပြီး ဒီပွဲမှာ ထုတ်သုံးမယ်လို့ ယူဆရတယ်။ စပါးကလည်း ကစားသမားသစ်တွေ ပွဲထွက်ခွင့်ပေးဖို့ အခွင့်အရေးဖြစ်တယ်။ ဒီပွဲက နှစ်သင်းစလုံးအတွက် ဘယ်လောက်အထိ အလေးအနက်ထားပြီးကစားမလဲဆိုတဲ့အချက်က အရေးကြီးနေတယ်။ ဗီလာက နောက်ဆုံး (၃) ပွဲဆက်နိုင်ပွဲပျောက်ထားပေမယ့် ပုံစံကောင်းရနေတဲ့အသင်းဖြစ်ပြီး စပါးက နောက်ဆုံးပွဲမှာ ဘရန့်ဖို့ဒ်ကို မနိုင်ခင်အထိ ရလဒ်တွေဆက်တိုက်ဆိုးနေတယ်။ လီဗာပူးလ်နဲ့လည်း လိဂ်ဖလား ပွဲကျပ်ကစားထားရတယ်။ အက်စတွန်ဗီလာကို ကြိုက်တယ်။