Eleven Media Group

■ လာလီဂါပွဲစဉ် (၂၃) ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

အလာဗတ်စ် - ဂီတာဖေး (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၉ ရက် ည ၇:၃၀ နာရီ)
ဂီတာဖေးကစားပုံ တက်လာပေမဲ့ ဂိုးသွင်းနှုန်း ပုံမှန်မဟုတ်သေးဘူး။ အလာဗတ်စ်က အိမ်ကွင်းမာတဲ့ အသင်းဖြစ်လို့ အလာဗတ်စ်ကို ဦးစားပေးရွေးထားချင်တယ်။ ဂိုးနည်းမယ်။


ဗလင်စီယာ - လီဟာနက်စ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၉ ရက် ည ၉:၄၅ နာရီ)
ဒီနှစ်သင်းတွေ့တိုင်း သရေပွဲတွေဖြစ်တာ များတယ်။ (၂) သင်းစလုံး ကြားရက်မှာ စပိန်ဘုရင့်ဖလားပွဲတွေ ကစားထားရတာချင်းလည်း တူပေမဲ့ တန်းဆင်းဇုန်ကလွတ်အောင် ဗလင်စီယာ ပိုရုန်းလာနိုင်တာကို တွေ့ရတယ်။ အိမ်ကွင်း (၂)ပွဲဆက်နိုင်ထားတဲ့ ဗလင်စီယာကို ပိုကြိုက်နေမိတယ်။ ဂိုးနည်းမယ်။


ဆိုစီဒက် - အက်စ်ပန်ညို (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၉ ရက် ည ၁၂:၀၀ နာရီ)
ပွဲဆက်တွေ များနေပြီး ဆိုစီဒက်ကစားပုံကလည်း ကျလာတာကို တွေ့ရတယ်။ လာလီဂါနောက်ဆုံး (၅) ပွဲမှာ (၄) ပွဲအထိ ဆိုစီဒက် ရှုံးထားတယ်။ အခုပွဲမှာလည်း ခြေမှန်နေတဲ့ အက်စ်ပန်ညိုကို ဆိုစီဒက်တို့ အနိုင်ရဖို့ ရုန်းကန်ရမှာပါ။ ဂိုးအနည်းသရေပွဲပါပဲ။


ဆီဗီလာ - ဘာစီလိုနာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၀ ရက် နံနက် ၂:၃၀ နာရီ)
မက်ဒရစ်နှစ်သင်း ထိပ်တိုက်တွေ့နေတဲ့ အခွင့်အရေးကို မလွတ်တမ်း အသုံးချနိုင်ဖို့ ဘာစီလိုနာ ကြိုးစားလာနိုင်တယ်။ ဘာစီလိုနာရဲ့ အနေအထားကလည်း ဒီလအတွင်း ချန်ပီယံလိဂ် ကစားရဖို့ မရှိသေးလို့ ပြည်တွင်းဘက်ကို အပြည့်အဝအာရုံစိုက်မယ့်ပုံ ပေါ်နေတယ်။ အသင်းကလည်း လာလီဂါမှာ နိုင်ပွဲတွေရအောင် ဂရုတစိုက်ပြန်ကစားလာနေပြီး အရင်ကထက်လည်း သတိကြီးကြီးနဲ့ ကစားလာတာလည်း တွေ့ရတယ်။ ဆီဗီ လာကတော့ ခုချိန်ထိ ခြေမမှန်သေးဘူး။ ဒါပေမဲ့ ခံစစ်ကစားပုံကတော့ တိုးတက်လာသလို တွေ့ရလို့ ဘာစီလိုနာတိုက်စစ်က ဂိုးရရေးစိတ်ရှည်ရမယ့်ပုံတော့ ပေါ်နေတယ်။ ထိပ်တိုက်တွေ့ဆုံ မှုအစဉ်အလာတွေအရတော့ ဆီဗီလာဟာ ဘာစီလိုနာ ယှဉ်နိုင်လေ့သိပ်မရှိလို့ အခုပွဲအတွက် နိုင်ပွဲရဖို့ ပိုဆာလောင်နေတတ်တဲ့ ဘာစီလိုနာကိုပဲ ရွေးထားရလိမ့်မယ်။ ဂိုးများမယ်။

မူရင်းသတင်း — Eleven Media Group