
ဗင်နီဇီယာ - ရိုးမား (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၉ ရက် ည ၆:၀၀ နာရီ)
ဗင်နီဇီယာအသင်း ရလဒ်တွေ ဆိုးနေပေမဲ့ နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်း(၅)ပွဲမှာ အင်တာမီလန်တစ်သင်းကိုသာ အရေးနိမ့်ခဲ့တာဖြစ်တယ်။ ရိုးမား ရလဒ်ကောင်းနေပေမဲ့ ဗင်နီဇီယာကို အရဲစွန့်ရွေးချယ်ချင်တယ်။
ကာဂလီယာရီ - ပါးမား (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၉ ရက် ည ၈:၃၀ နာရီ)
ကာဂလီယာရီအသင်း နောက်ဆုံးနှစ်ပွဲမှာ ရှုံးပွဲပြန်တွေ့ထားတယ်။ ပါးမားကလည်း နောက်ဆုံး(၉)ပွဲမှာ (၁)ပွဲပဲ အနိုင်ရခဲ့ပါတယ်။ တန်းဆင်းဇုန်ပြိုင်ဘက်တွေဖြစ်လို့ အမှတ်ခွဲယူသွားဖို့များတယ်။
လာဇီယို - မွန်ဇာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၉ ရက် ည ၈:၃၀ နာရီ)
လာဇီယိုတို့ အံ့အားသင့်စရာကောင်းလောက်အောင် အိမ်ကွင်း(၄)ပွဲဆက် နိုင်ပွဲပျောက်ထားတယ်။ ဒါပေမဲ့ ကိုမိုကလွဲလို့ ပြိုင်ဘက်ကောင်းတွေနဲ့ ကစားခဲ့ရတာကို ထည့်တွက်ရမယ်။ မွန်ဇာက အခုပုံစံအတိုင်းဆို တန်းဆင်းဇုန်က မလွတ်နိုင်တော့ဘူး။ လာဇီယိုဘက်ကပဲ ရပ်တည်သင့်တယ်။
လက်ချီ - ဘိုလော့ဂ်နာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၉ ရက် ည ၁၁:၃၀ နာရီ)
ဘိုလော့ဂ်နာအသင်း ရလဒ်တွေ ပြန်ကောင်းလာနေတယ်။ ချန်ပီယံလိဂ်ကလည်း ထွက်လိုက်ရလို့ ပြည်တွင်းပွဲတွေဘက် ပိုအာရုံစိုက်လာနိုင်တယ်။ လက်ချီကလည်း တန်းဆင်းဇုန်နဲ့ကပ်နေလို့ အမှတ်ရအောင်တော့ ကြိုးစားကစားလိမ့်မယ်။
နာပိုလီ - အူဒီးနီးစ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၀ ရက် နံနက် ၂:၁၅ နာရီ)
နာပိုလီအသင်းက နောက်ဆုံးကစားတဲ့ ရိုးမားအသင်းနဲ့ ပွဲမှာ နာကျင်အချိန်ပို ချေပဂိုးပေးရပြီး နိုင်ပွဲဆက်နေမှု ရပ်တန့်သွားခဲ့တယ်။ ဒါပေမဲ့ နာပိုလီအနေနဲ့ စီးရီးအေပွဲကျပ်ကာလကို အကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့တယ်လို့ ပြောရမယ်။ လက်ရှိအချိန်မှာ အဓိကပြိုင်ဘက်အသင်း အင်တာမီလန် တောက်လျှောက်ပွဲကစားရတော့မှာဖြစ်လို့ ခြေချော်၊ မချော် စောင့်ကြည့်နေရုံပါပဲ။ အူဒီးနီးစ်အသင်းကတော့ နောက်ဆုံးပွဲမှာ နိုင်ပွဲပြန်ရ ထားတာ တွေ့ရတယ်။ ယုံကြည်မှုမြင့်နေတဲ့ နာပိုလီ ဂိုးပြတ်နိုင်လောက်တယ်။