Eleven Media Group

■ ပြင်သစ်လီဂူးပွဲစဉ် (၂၁) ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

လိုင်ယွန် - Reims (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၉ ရက် ည ၈:၃၀ နာရီ)
Reims က ခြေစွမ်းကျဆင်းနေပြီး လီဂူးနောက်ဆုံး (၉) ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားတယ်။ အိမ်ကွင်းမှာ နိုင်ပွဲပြန်ရှာရမယ့် လိုင်ယွန်တို့ ဂိုးပြတ်အနိုင်ရမယ့်ပွဲ ဖြစ်ပါတယ်။


အော်ဇေး - တူးလူး (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၉ ရက် ည ၁၀:၄၅ နာရီ)
နှစ်သင်းစလုံး ရလဒ်တွေ ဆိုးရွားနေပြီး အော်ဇေးရဲ့အခြေအနေက တူးလူးထက် ဆိုးပါတယ်။ ဒါပေမဲ့ အိမ်ကွင်းမှာ အမှတ်ရဖို့ ကြိုးစားလာမယ့် အော်ဇေးနဲ့ပဲ အရဲစွန့်ချင်တယ်။


စထရာဘိုး - မောင့်ပယ်လီယာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၉ ရက် ည ၁၀:၄၅ နာရီ)
စထရာဘိုးရော မောင့်ပယ်လီယာပါ နောက်ဆုံးပွဲမှာ ရှုံးပွဲတွေ့ထားပေမဲ့ နှစ်သင်းလုံး ခြေစွမ်းကောင်းပါတယ်။ ဒီလိုပွဲမျိုးမှာ အိမ်ရှင်အားသာချက်ရှိတဲ့ စထရာဘိုးကိုပဲ ကြိုက်တယ်။


အန်ဂါစ် - မာဆေးလ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၀ ရက် နံနက် ၂:၁၅ နာရီ)
အန်ဂါစ်ရဲ့ ခြေစွမ်းမဆိုးလှပေမဲ့ ချန်ပီယံဆုအတွက် PSG ကို ဖိအားပေးဖို့ ကြိုးစားနေတဲ့ မာဆေးလ်ကို တားဆီးနိုင်ဖို့ မရှိပါဘူး။ အန်ဂါစ် အိမ်ကွင်းဖြစ်ပေမဲ့ မာဆေးလ်ပဲ အနိုင်ယူသွားပါလိမ့်မယ်။

မူရင်းသတင်း — Eleven Media Group