
လီဗာပူးလ်ဘယ်နောက်ခံကစားသမား ရောဘတ်ဆန်က ဘယ်နောက်ခံနေရာအတွက် ကစားသမားသစ် ရောက်လာမည်ဆိုပါကလည်း ၎င်းအနေဖြင့် ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရောဘတ်ဆန် (၃၀ နှစ်)သည် ယခုရာသီတွင် ရုန်းကန်နေရသည့်အတွက် ၎င်းနေရာတွင် အစားထိုးရန် လီဗာပူးလ်အသင်းအနေဖြင့် ကစားသမားသစ် ရှာဖွေသင့်ပြီဟု ပြောဆိုမှုများ ရှိနေသည်။
ရောဘတ်ဆန်က "လီဗာပူးလ်မှာ အဓိကဘယ်နောက်ခံလူအဖြစ် ကျွန်တော် ကစားနေတာ (၈)နှစ် ရှိပါပြီ။ အဲဒီအတွက် ကျွန်တော် ဂုဏ်ယူပါတယ်။ ဝေဖန်မှုတွေ ရှိနေပေမဲ့ ဒါကို ဂရုမစိုက်ပါဘူး။ ကစားသမားသစ်ရောက်လာရင်လည်း ပွဲထွက်ခွင့်ရဖို့တိုက်ပွဲဝင်သွားမှာပါ"ဟု ပြောကြားခဲ့သည်။
ရောဘတ်ဆန်သည် ယခုရာသီတွင် လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ ၃၁ ပွဲ ကစားထားကြောင်းလည်းသိရသည်။