
လက်စတာအသင်းမှ ရှက်ဖီးယူနိုက်တက်အသင်းသို့ အငှားဖြင့် သွားရောက်ကစားနေသည့် ကွင်းလယ်ခံစစ်ကစားသမား ဟမ်ဇာချောင်ဒရီသည် ပရီးမီးယားလိဂ်၏ ပထမဆုံးဘင်္ဂလားဒေ့ရှ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
ချောင်ဒရီ(၂၇ နှစ်)သည် အင်္ဂလန်နိုင်ငံတွင် မွေးဖွားခဲ့ပြီး လက်စတာအသင်း၏ အကယ်ဒမီထွက်ကစားသမားဖြစ်သော်လည်း ဖခင်ဖြစ်သူမှာ ဂရေနာဒါမှဖြစ်၍ မိခင်ဖြစ်သူမှာ ဘင်္ဂလားဒေ့ရှ်မှဖြစ်သည်။
အင်္ဂလန်လက်ရွေးစင်အဖြစ် ရွေးချယ်ခံရဖူးခြင်းမရှိသည့် ချောင်ဒရီကို ယခုအခါ ဘင်္ဂလားဒေ့ရှ်လက်ရွေးစင်အသင်းက ၂၀၂၇ အာရှဖလားခြေစစ်ပွဲအတွက် ရွေးချယ်ခေါ်ယူခဲ့သည်။
ထို့ကြောင့် ၎င်းသည် ပရီးမီးယားလိဂ်၏ ပထမဆုံးဘင်္ဂလားဒေ့ရှ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။
ချောင်ဒရီက ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကတည်းက ဘင်္ဂလားဒေ့ရှ်လက်ရွေးစင်အသင်းကို ကိုယ်စားပြုကစားမည်ဟု ကြေညာထားခဲ့သည်။
၎င်းအနေဖြင့် အင်္ဂလန်ယူ-၂၁ အသင်းတွင် ရွေးချယ်ခံရဖူးပြီး ၇ ပွဲ ကစားပေးခဲ့သည်။
လက်စတာအသင်းအတွက် ပရီးမီးယားလိဂ် ၉၁ ပွဲကစားကာ တစ်ဂိုး သွင်းခဲ့ပြီး ပြိုင်ပွဲစုံ ၁၃၁ ပွဲကစားကာ နှစ်ဂိုး သွင်းထားခဲ့သည်။
`
၎င်းသည် ဘာတန်၊ ဝက်ဖို့ဒ်အသင်းများတွင်လည်း အငှားကစားခဲ့ဖူးသည်။