
◘ ဘရက်စ် - PSG (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၀၀:၁၅ နာရီ)
PSG က ချန်ပီယံလိဂ် အုပ်စုအဆင့်ကနေ တက်လာဖို့အတွက် နောက်ဆုံးအချိန်အထိ အသည်းအသန်ကစားခဲ့ရတာ မှန်ပေမဲံ သူတို့အတွက် ဒီအဆင့်မှာ ကံကောင်းခဲ့တယ်လို့ပဲ ပြောရမယ်။ ဘရက်စ်အသင်းက ပြင်သစ်အသင်းအချင်းချင်း ဖြစ်သလို၊ PSG အတွက် နိုင်နေကျ အသင်း၊ အတွင်းသိအချင်းသိအသင်း ဖြစ်နေတယ်။ ဒီရာသီ ပြင်သစ်လီဂူးပွဲစဉ်မှာလည်း ဘရက်စ်ကွင်းမှာ PSG ဂိုးပြတ်သွင်းနိုင်ခဲ့တာ တွေ့ရတယ်။ ဒီပွဲကလည်း PSG အတွက်ပါပဲ။
◘ မန်စီးတီး - ရီးယဲလ်မက်ဒရစ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၀၂:၃၀ နာရီ)
မန်စီးတီးက ပြုပြင်ပြောင်းလဲရေး အချို့လုပ်ထားပေမဲ့ အသင်းလိုက်ကစားပုံမှာကိုက အားနည်းချက်တွေရှိနေဆဲပဲဆိုတာကို တွေ့ရတယ်။ ခံစစ်ပိုင်းမှာ ခူဆာနော့ဗ်၊ ဗစ်တာဟေးစ်တို့က ရေရှည်မှာ အားကိုးရနိုင်တဲ့ ကစားသမားတွေဖြစ်နိုင်ပေမဲ့ လက်ရှိ အနေအထားအရတော့ ဒီပွဲအတွက် အသင့်မဖြစ်သေးပါဘူး။ ခံစစ်ပိုင်းမှာ ဒဏ်ရာပြဿနာ အနည်းငယ်ရှိနေသလို၊ အဓိကကစားသမားအချို့ရဲ့ခြေစွမ်းပိုင်းက အရင်လိုအနေအထားမှာ ရှိမနေတာကို တွေ့ရတယ်။ ရီးယဲလ်မက်ဒရစ်ခံစစ်တန်းကလည်း အဓိက ကစားသမားတွေ အများကြီး ဒဏ်ရာရနေတဲ့ အခြေအနေပါ။ ဒါပေမဲ့ ရီးယဲလ်မှာ တိုက်စစ်ပိုင်းအားသာချက် ကြီးကြီးမားမား ရှိနေတယ်။ ရီးယဲလ်မက်ဒရစ်ကို ကြိုက်တယ်။
◘ ဂျူဗင်တပ်စ် - PSV (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၀၂:၃၀ နာရီ)
ဂျူဗင်တပ်စ်က ပြည်တွင်းလိဂ်မှာ ရလဒ်တွေကျဆင်းနေပြီး ထိပ်ဆုံး ၄ သင်းအပြင်ဘက်ကို ရောက်နေတယ်။ ချန်ပီယံလိဂ်မှာလည်း သိပ်အားရစရာမရှိပါဘူး။ ဒါပေမဲ့ မော့တာရဲ့အသင်းက နောက်ဆုံးကစားခဲ့တဲ့ ၂ ပွဲမှာတော့ ဂိုးပြတ်နိုင်ပွဲတွေ ယူနိုင်ခဲ့တာ တွွေ့ရတယ်။ PSV က ရလဒ်တွေ ကောင်းနေတဲ့အသင်းဖြစ်သလို၊ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲမှာ လီဗာပူးလ်ကို ပထမဆုံး ရှုံးပွဲကြုံတွေ့စေခဲ့တဲ့အသင်းပါ။ ဂျူဗင်တပ်စ်နိုင်ဖို့ ရှိပေမဲ့ အကြိတ်အနယ်ကစားရနိုင်တယ်။
◘ စပို့တင်းလစ္စဘွန်း - ဒေါ့မွန် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၀၂:၃၀ နာရီ)
စပို့တင်းလစ္စွဘွန်းက ရူဘင်အာမိုရင်မ် ထွက်ခွာသွားပြီးကတည်းက အသင်းအထိုင် ပျက်သွားပြီး အစားထိုးခန့်အပ်ခဲ့တဲ့ နည်းပြနေရာကိုလည်း ထပ်မံအစားထိုးလိုက်ရတယ်။ ဒေါ့မွန်ကိုယ်တိုင်က မနှစ်က ဗိုလ်လုပွဲတက်ခဲ့တဲ့ ခြေစွမ်းမျိုးမပြသနိုင်ပေမဲ့ နောက်ပို်င်းပွဲတွေမှာ ခြေမှန်လာခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးကစားခဲ့တဲ့ ပြည်တွင်းလိဂ်ပွဲစဉ်တွေမှာ စပို့တင်းလစ္စွဘွန်းက ပေါ်တိုကို သရေကစားခဲ့ပြီး ဒေါ့မွန်ကတော့ စတုဂတ်ကို ရှုံးခဲ့တာကို တွေ့ရတယ်။ ဒီပွဲလည်း စပို့တင်းလစ္စဘွန်း မရှုံးလောက်ဘူး။