Eleven Media Group

■ ချန်ပီယံလိဂ် Play-offs အဆင့်(ပထမအကျော့) ပွဲကြိုသုံးသပ်ချက်

Photo: X

■ ကလပ်ဘရုဂေး နှင့် အတ္တလန်တာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၃ ရက် နံနက် ဝဝး၁၅ နာရီ)

ကလပ်ဘရုဂေးက လူငယ်ကစားသမားတွေများပြီး ကစားအားကောင်းတယ်။ အရည်အသွေးရှိတဲ့အသင်းလို့လည်း ပြောလို့ရတယ်။ ဒါပေမဲ့ အတ္တလန်တာက အကောင်းဆုံး ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့အသင်းမဟုတ်တာတောင် ကိုယ်ပိုင်ဟန်နဲ့ ကစားပုံကောင်းတဲ့အသင်းတစ်သင်းဖြစ်ပြီး ဥရောပထိပ်တန်း အသင်းကြီးတွေကိုတောင် ယှဉ်ကစားနေလေ့ရှိတဲ့အသင်းတစ်သင်းပါ။ အဝေးကွင်းဖြစ်နေလည်း ပင်ကိုယ်ကစားဟန်ကို ပြသနိုင်တာတွေ့ရတယ်။ အတ္တလန်တာကို ကြိုက်တယ်။

■ ကလပ်ဘရုဂေးအသင်းသည် အီတလီကလပ်အသင်းကို ၂၀၀၃ ခုနှစ် တွင် နောက်ဆုံးအနိုင်ရခဲ့ပြီး ယင်းနောက်ပိုင်းဆုံတွေ့သည့် (၁၅)ပွဲ၌ (၆)ပွဲသရေ၊ (၉)ပွဲရှုံးခဲ့သည်။

■ မိုနာကို နှင့် ဘင်ဖီကာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၃ ရက် နံနက် ၂း၃၀ နာရီ)

ဒီပွဲက အကြိတ်အနယ်ရှိပြီး ကြည့်ကောင်းတဲ့ ပွဲကောင်းတစ်ပွဲဖြစ်လာနိုင်တယ်။ မိုနာကိုက လူငယ်ကစားသမားကောင်းတွေ ထွက်ပေါ်လေ့ရှိတဲ့အသင်းဖြစ်သလို၊ ကစားအား တော်တော်လေးကောင်းတဲ့အသင်းဖြစ်တယ်။ ဘင်ဖီကာက ပိုပြီးအတွေ့အကြုံများတဲ့အသင်းဖြစ်သလို၊ ဟန်ချက်လည်း ပိုညီပါတယ်။ ဒါပေမဲ့ ကြံ့ခိုင်မှုနဲ့ အမြန်နှုန်းအပိုင်းမှာ မိုနာကို ကိုအမီလိုက်ကစားဖို့ အခက်တွေ့နိုင်တယ်။ အတွေ့အကြုံနဲ့ အရည်အသွေးပိုင်းတော့ သာပါတယ်။ သရေလောက်ဖြစ်မယ်။

■ ဘင်ဖီကာအသင်းသည် မိုနာကိုနှင့် ဆုံတွေ့ခဲ့သည့် ချန်ပီယံလိဂ်(၃)ပွဲနိုင်၌ (၂)ပွဲနိုင်၊ (၁)ပွဲသရေ ကစားနိုင်ခဲ့ပြီး ယခုရာသီလိဂ်အဆင့်တွင်လည်း အဝေးကွင်း၌ အနိုင်ရခဲ့သည်။

■ ဖီယင်နု နှင့် အေစီမီလန် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၃ ရက် နံနက် ၂း၃၀ နာရီ)

ဖီယင်နုရဲ့ နောက်ပိုင်းပွဲတွေထဲမှာ တော်တော်လေးအံ့အားသင့်စရာကောင်းတဲ့ပွဲက ဘိုင်ယန်မြူးနစ်ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပွဲဖြစ်တယ်။ ဒီအဆင့်ကို အသင်းကောင်းတစ်သင်းအနေနဲ့ရောက်လာတာဖြစ်ပြီး ပြည်တွင်းလိဂ်မှာတော့ အေဂျက်စ်နဲ့ PSV တို့ကို ဆက်တိုက်ရှုံးထားတယ်။ အေစီမီလန်က ကစားသမားကောင်းတွေ တော်တော်လေး စုဆောင်းမိနေတဲ့အသင်းတစ်သင်းဖြစ်ပြီး လက်ရှိခြေစွမ်းကလည်း တော်တော်လေး ကောင်းမွန်နေတယ်။ အေစီမီလန်ကို ကြိုက်တယ်။

■ အေစီမီလန်အသင်းသည် နယ်သာလန်ကလပ်များနှင့် နောက်ဆုံးဆုံတွေ့ခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်(၄)ပွဲတွင် နိုင်ပွဲရယူနိုင်ခြင်းမရှိခဲ့ဘဲ (၃)ပွဲသရေ၊ (၁)ပွဲရှုံးခဲ့သည်။

■ ဆဲလ်တစ် နှင့် ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၃ ရက် နံနက် ၂း၃၀ နာရီ)

ဘိုင်ယန်မြူးနစ်က ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ကောင်းကောင်းခြေစွမ်းမပြနိုင်ခဲ့ပေမယ့် ပြည်တွင်းပွဲစဉ်တွေမှာ တော်တော်လေး အခြေအနေကောင်းနေတာကို တွေ့ရတယ်။ နောက်ပိုင်းကစားခဲ့တဲ့ ပွဲတွေမှာလည်း ဗင်းဆင့်ကွန်ပနီရဲ့အသင်းက ဂိုးပြတ်နိုင်ပွဲတွေ ရယူနိုင်ခဲ့တယ်။ ဆဲလ်တစ်ကိုယ်တိုင်လည်း ပုံစံကောင်းပြနေတဲ့အသင်းဆိုပေမယ့် လိဂ်အဆင့်အတန်းအရ၊ ပြိုင်ဘက်အဆင့်အတန်းအရဆိုရင် ဘိုင်ယန်မြူးနစ်ကို ခြေစွမ်းချင်း ယှဉ်ဖို့ ခက်ပါတယ်။ စကော့တလန်မြေမှာ ကစားရမှာဖြစ်လို့ အိမ်ကွင်းအားသာချက်ရှိတယ်ဆိုရင်တောင် သရေခံကစားဖို့တောင် မလွယ်ကူတဲ့အနေအထားလည်းဖြစ်နေတယ်။ ဘိုင်ယန်မြူးနစ်ပဲ နိုင်မယ်။

■ ဘိုင်ယန်မြူးနစ်အသင်းသည် ဆဲလ်တစ်နှင့် ဆုံတွေ့ခဲ့သည့် ချန်ပီယံလိဂ်(၄)ပွဲတွင် (၃)ပွဲနိုင်၊ (၁)ပွဲသရေကစားနိုင်ခဲ့သည်။
■ ဆဲလ်တစ်အသင်းသည် ယခုရာသီ ချန်ပီယံလိဂ်အိမ်ကွင်း(၄)ပွဲတွင် (၃)ပွဲနိုင်၊ (၁)ပွဲသရေဖြင့် ရှုံးပွဲမရှိခဲ့ဘဲ ဘိုင်ယန်မြူးနစ်အသင်းမှာမူ အဝေးကွင်း (၄)ပွဲ၌ တစ်ပွဲသာ အနိုင်ရရှိပြီး (၃)ပွဲရှုံးနိမ့်ခဲ့သည်။

မူရင်းသတင်း — Eleven Media Group