
ပရီးမီးယားလိဂ်ပွဲတွေမှာ VAR ဆုံးဖြတ်ချက်ကြောင့် နစ်နာရတဲ့အသင်းများစွာရှိခဲ့ပါတယ်။ VAR နည်းပညာကို ငွေကြေးအကုန်အကျခံပြီး သုံးစွဲနေပေမယ့် အငြင်းပွားစရာကိစ္စတွေရှိနေဆဲပါ။ VAR ဆုံးဖြတ်ချက်ကြောင့် ပိုပြီးဝေဖန်ထောက်ပြချင်စရာ ဖြစ်ရပ်တွေလည်း အများကြီးပါ။ မကြာသေးခင်ကလည်း လက်ရှိရာသီ ပရီးမီးယားလိဂ်မှာ VAR ဆုံးဖြတ်ချက်အမှား ၁၃ ခုရှိတယ်လို့ ကြေညာထားပါတယ်။ ဒါကြောင့်လည်း VAR ကို ပရိသတ်တွေ အယုံအကြည်မရှိဖြစ်နေတာပါ။ ဒါပေမဲ့ VAR မရှိတာကောင်းလားလို့ မေးလာရင် ဖြေရခက်နေမှာပါ။ FA ဖလားပွဲစဉ်တွေမှာ VAR မသုံးပါဘူး။ VAR မသုံးတဲ့ FA ဖလားပွဲတွေမှာ ဆုံးဖြတ်ချက်အမှားများစွာဖြစ်လာလို့ ဆူညံပွက်လောရိုက်နေပါတယ်။ VAR သုံးတာမသုံးတာထက် ပရီးမီးယားလိဂ်ဒိုင်တွေ ညံ့နေတာဆိုပြီးယူဆချက် ထွက်လာပါပြီ။ မန်ယူနိုက်တက်-လက်စတာပွဲ၊ ဘရိုက်တန်-ချယ်လ်ဆီး ပွဲတွေမှာ မန်ယူနိုက်တက်နဲ့ ဘရိုက်တန်ရဲ့အနိုင်ဂိုးတွေက VAR သာရှိရင် ဂိုး အဖြစ်သတ်မှတ်မယ်မထင်ဘူး။
ပရီးမီးယားလိဂ်ပွဲတွေမှာ VAR ဆုံးဖြတ်ချက်ကြောင့် နစ်နာရတဲ့အသင်းများစွာရှိခဲ့ပါတယ်။ VAR နည်းပညာကို ငွေကြေးအကုန်အကျခံပြီး သုံးစွဲနေပေမယ့် အငြင်းပွားစရာကိစ္စတွေရှိနေဆဲပါ။ VAR ဆုံးဖြတ်ချက်ကြောင့် ပိုပြီးဝေဖန်ထောက်ပြချင်စရာ ဖြစ်ရပ်တွေလည်း အများကြီးပါ။ မကြာသေးခင်ကလည်း လက်ရှိရာသီ ပရီးမီးယားလိဂ်မှာ VAR ဆုံးဖြတ်ချက်အမှား ၁၃ ခုရှိတယ်လို့ ကြေညာထားပါတယ်။ ဒါကြောင့်လည်း VAR ကို ပရိသတ်တွေ အယုံအကြည်မရှိဖြစ်နေတာပါ။ ဒါပေမဲ့ VAR မရှိတာကောင်းလားလို့ မေးလာရင် ဖြေရခက်နေမှာပါ။ FA ဖလားပွဲစဉ်တွေမှာ VAR မသုံးပါဘူး။ VAR မသုံးတဲ့ FA ဖလားပွဲတွေမှာ ဆုံးဖြတ်ချက်အမှားများစွာဖြစ်လာလို့ ဆူညံပွက်လောရိုက်နေပါတယ်။ VAR သုံးတာမသုံးတာထက် ပရီးမီးယားလိဂ်ဒိုင်တွေ ညံ့နေတာဆိုပြီးယူဆချက် ထွက်လာပါပြီ။
မန်ယူနိုက်တက်-လက်စတာပွဲ၊ ဘရိုက်တန်-ချယ်လ်ဆီး ပွဲတွေမှာ မန်ယူနိုက်တက်နဲ့ ဘရိုက်တန်ရဲ့အနိုင်ဂိုးတွေက VAR သာရှိရင် ဂိုး အဖြစ်သတ်မှတ်မယ်မထင်ဘူး။ မန်ယူနိုက်တက် ဂန္ထဝင်တိုက်စစ်မှူး နစ္စတယ်ရွိုင်းက ဖာဂီတိုင်းမ်အကြောင်း ကောင်းကောင်းသိပါတယ်။ သူကိုယ်တိုင်လည်း ဖာဂီတိုင်းမ်မှာ ဂိုးတွေသွင်းခဲ့ဖူးတယ်။ ဒီတော့ ဖာဂီတိုင်းမ်ရဲ့ အနှစ်သာရအစစ်ကို နစ္စတယ်ရွိုင်းခံစားဖူးတာပေါ့။ မန်ယူနိုက်တက်အသင်း ပရိသတ်တွေက သူတို့ရဲ့အနိုင်မခံအရှုံးမပေးစိတ်ဓာတ်ကို ဖော်ကျူးတဲ့ နောက်ကျသွင်းဂိုးတွေကို ဖာဂီတိုင်းမ်ဆိုပြီး တခုတ်တရတင်စားတတ်ပါတယ်။ ပြီးခဲ့တဲ့လက်စတာအသင်းနဲ့ပွဲက မက်ဂွိုင်းရားရဲ့ နောက်ကျအနိုင်ဂိုးကိုလည်း မန်ယူနိုက်တက် ပရိသတ်တွေက ဖာဂီတိုင်းမ်လို့တင်စားချင်နေတယ်။ တကယ်တော့ မက်ဂွိုင်းရားရဲ့အနိုင်ဂိုးက ဖာဂီတိုင်းမ် မဟုတ်ပါဘူး။ Offside Time ပါ။
မန်ယူအသင်း ယာယီနည်းပြအဖြစ် ဆောင်ရွက်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အိုးလ်ထရက်ဖို့ဒ်ရပ်ဝန်းဆီ နစ္စတယ်ရွိုင်းပြန်ရောက်လာခဲ့တယ်။ လက်စတာကတန်းဆင်းအန္တရာယ်ရှိနေလို့ FA ဖလားကိုအပြည့်အဝအာရုံမစိုက်နိုင်ဘူး။ အရန်ကစားသမားအများစု ပွဲထုတ်ပြီးမန်ယူနိုက်တက်ကို ရင်ဆိုင်ခဲ့တာပါ။ ဒါပေမဲ့အာမိုရင်မ်ရဲ့ မန်ယူနိုက်တက်က နစ္စတယ်ရွိုင်းရဲ့အရန်အသင်းကို အသာစီးမယူနိုင်ခဲ့ဘူး။ စိတ်ပျက်ဖွယ်ရာစွမ်းရည်နဲ့ နောက်ဆုံးအချိန်အထိ ရုန်းကန်ခဲ့ရပါတယ်။ လက်စတာအသင်းက မန်ယူဘက်ကိုဦးဆောင်ဂိုး သွင်းယူပြီး အာမိုရင်မ်ကို ဇောချွေးပျံစေခဲ့တာပါ။ အာမိုရင်မ်က မိန်နူးကို တောင်ပံကစားသမားအဖြစ် စမ်းသပ်ခဲ့ပြန်ပြီး ထုံးစံအတိုင်းမိန်နူး ခြေစွမ်းမပြနိုင်ဘူး။ မိန်နူးက ကွင်းလယ်ထားလည်းခြေစွမ်းမပြနိုင်၊ တိုက်စစ်ထားလည်းခြေစွမ်းမပြနိုင်၊ တောင်ပံကစားလည်း ခြေစွမ်းမပြနိုင်ပါဘူး။ လူငယ်ခြေတက်မဟုတ်ဘဲ လူငယ်ခြေပျက်ဖြစ်နေပြီ။ ဒုတိယပိုင်းမှာ ဂါနာချိုကိုလူစားဝင်ကစားခိုင်းမှ မန်ယူနိုက်တက်ရဲ့တောင်ပံတိုက်စစ် အသက်ဝင်လာတယ်။ နောက်ထပ်လူစားဝင်လာတဲ့ တိုက်စစ်ကစားသမား ဇက်ဇီက ချေပဂိုးသွင်းခဲ့လို့ မန်ယူနိုက်တက် ကံကောင်းခဲ့ရတာပါ။ နောက်ဆုံး မက်ဂွိုင်းရားရဲ့ လူကျွံသွင်းဂိုးက အာမိုရင်မ်ကို ဖိအားတွေအောက် ထပ်မရောက်အောင် ကယ်တင်ပေးခဲ့ပါတယ်။
လက်စတာအသင်းနည်းပြ နစ္စတယ်ရွိုင်းက "ကျွန်တော့်အသင်းက ဖာဂီတိုင်းမ်မှာ ရှုံးခဲ့တာ မဟုတ်ပါဘူး။ လူကျွံချိန်မှာ ရှုံးခဲ့တာပါ"လို့ ဝေဖန်ခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ ရတဲ့ပြစ်ဒဏ်ဘောကို ဘရူနိုဖာနန်ဒက်စ်ကန်တင်ချိန်ကတည်းက မက်ဂွိုင်းရား ကလူကျွံနေခဲ့တာပါ။ လူကျွံနေတဲ့မက်ဂွိုင်းရားက လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ခွင့်ရခဲ့ပါတယ်။ FA ဖလားမှာ ပရီးမီးယားလိဂ်လို VAR မသုံးပါဘူး။ ဒီတော့မက်ဂွိုင်းရား လူကျွံတယ်မကျွံဘူးဆိုတာကို VAR နဲ့ပြန်ပြီးစစ်ဆေးလို့မရပါဘူး။ ကွင်းထဲကဒိုင်တွေရဲ့ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ခဲ့ပါတယ်။ နစ္စတယ်ရွိုင်းက အိုးလ်ထရက်ဖို့ဒ်မှာ ရင်ခွင်ဟောင်း မန်ယူနိုက်တက်နဲ့ပြန်လည်ရင်ဆိုင်ရမှာဖြစ်လို့ အသေအချာ ပြင်ဆင်ခဲ့တာပါ။ ဒါပေမဲ့ ဒိုင်တွေရဲ့ဆုံးဖြတ်ချက်အမှားကြောင့် နစ္စတယ်ရွိုင်းတစ်ယောက် ခဲလေသမျှသဲရေကျခဲ့ရပါပြီ။ နစ္စတယ်ရွိုင်းက "ကျွန်တော်တို့အတော်လေး စိတ်ပျက်ရပါတယ်။ အဲဗာတန်အသင်းကိုရှုံးနိမ့်ပြီး နောက် ကျွန်တော်တို့အသင်းက မန်ယူနဲ့ပွဲအတွက် အချိန်ယူ ပြင်ဆင်ခဲ့တာပါ။ ကျွန်တော်တို့ အသင်း ကစားပုံလည်း ကောင်းခဲ့ပါတယ်။ ဒါပေမဲ့ သိသာ ထင်ရှားတဲ့အမှားကြောင့် ရှုံးခဲ့ရတာ လက်မခံနိုင်စရာပါ။ အခုလိုအဆင့်မျိုးမှာ ဒီလိုအမှားမျိုးက မဖြစ်သင့်ပါဘူး။ ကျွန်တော်တို့အသင်းနဲ့ မထိုက်တန်တဲ့ရလဒ်ပါ"လို့ ဒေါသတကြီးပြောခဲ့တယ်။
မန်ယူနိုက်တက်နည်းပြ အာမိုရင်မ်က မက်ဂွိုင်းရားရဲ့ဂိုးကကံကောင်းပြီးရခဲ့တာလို့ ဝန်ခံခဲ့တယ်။ VAR နဲ့သာပြန်ကြည့်ရင် သူတို့အသင်း ဂိုးမရဘူးလို့ အာမိုရင်မ် ပြောခဲ့တာပါ။ အာမိုရင်မ်က "VAR ရဲ့အရေးပါမှုကို တွေးမိပါတယ်။ VAR သာ ရှိရင် ကျွန်တော်တို့အသင်း ဂိုးမရပါဘူး။ VAR က မျှတတဲ့ရလဒ်ကို ဖြစ်စေပါတယ်။ အခုလို လူကျွံ ဂိုးနဲ့ ရှုံးရတာ လက်စတာအတွက် စိတ်ပျက်စရာပါ။ ကျွန်တော်တို့ ကံကောင်းခဲ့ပါတယ်"လို့ ဝန်ခံခဲ့ပါ တယ်။ မန်ယူအသင်းကွင်းလယ်လူဟောင်း ရွိုင်ကင်းက မက်ဂွိုင်းရားလူကျွံနေတာ သိသာလွန်းပြီး VAR မရှိလည်းကွင်းထဲကစည်းကြပ်ဒိုင်နဲ့ ကွင်းလယ်ဒိုင်မြင်ကိုမြင်ရမယ်လို့ ဝေဖန်လိုက်ပါတယ်။
ဘရိုက်တန်နည်းပြ ဖေဘီယန်ဟူဇယ်လာကလည်း ချယ်လ်ဆီးနဲ့ပွဲက သူတို့အသင်းရတဲ့ အနိုင်ဂိုးဟာ မပေးသင့်ဘူးလို့ဝန်ခံတယ်။ ချယ်လ်ဆီး နဲ့ပွဲမှာ ဘရိုက်တန်အတွက်အနိုင်ဂိုးကို မီတိုမာက လှလှပပ သွင်းယူပေးခဲ့တာပါ။ ဒါပေမဲ့အဲဒီဂိုးအတွက် Build up လုပ်ချိန်မှာ ဘရိုက်တန်က လမ့်တေး လက်နဲထိခဲ့ပါတယ်။ ဟူဇယ်လာက "ကျွန်တော်တို့ရတဲ့ဂိုးက အငြင်းပွားဖွယ်ရာကောင်းပြီး မရသင့်ပါဘူး။ ဒါပေမဲ့ ဘောလုံးလောကက ဒီလိုပါပဲ။ VAR နဲ့သာဆိုရင် အခုလိုစိတ်လှုပ်ရှားစရာ မြင်ကွင်းတွေ ခံစားခွင့်ရမှာမဟုတ်ဘူး။ ချယ်လ်ဆီးနဲ့ပွဲ က ဘရိုက်တန်အသင်းပရိသတ်တွေရဲ့ အားပေးမှုကလည်းတကယ်မိုက်ပါတယ်။ ဂိုးဝင်သွားလို့ အောင်ပွဲခံတာ အောင်ပွဲခံခွင့်ရှိပါတယ်။ ကျွန်တော်လည်း ပျော်ရွှင်ရပါတယ်" လို့ ပြောပြတယ်။
ချယ်လ်ဆီးနည်းပြ မာရက်စကာက VAR သာရှိရင် သူတို့အသင်း FA ဖလားမှာဆက်ရှိနေမယ်ဆိုပြီး ဝေဖန်ခဲ့ပါတယ်။ မာရက်စကာက "လက်ထိသွားတာ သိသာပါတယ်။ ပြီးခဲ့တဲ့နှစ်ရက် သုံးရက်အတွင်းမှာ VAR မရှိလို့ ကွဲပြားခြားနားမှုတွေရှိနေပါတယ်။ တစ်ခါတလေမှာ ဖြစ်ရပ်တွေကပိုရှုပ်ထွေးနေပါတယ်။ တစ်ခါတလေတော့လည်း အခုလိုလက်ထိဘောမျိုးကို VAR နဲ့ပြန်ကြည့်ပြီး ပေးမှာလား ဆိုတာလည်း မသေချာပါဘူး"လို့ ပြောပါတယ်။ မန်ယူနိုက်တက်-လက်စတာ၊ ဘရိုက်တန်-ချယ်လ်ဆီး ပွဲမှာသာမကဘဲ ဘာမင်ဂမ်-နယူးကာဆယ်၊ လေတန်-မန်စီးတီးပွဲတွေမှာလည်း VAR မရှိလို့ အငြင်း ပွားဖွယ်ရာဖြစ်ရပ်တွေ ဖြစ်ခဲ့ပါတယ်။ VAR မရှိတော့လည်း အငြင်းပွားဖွယ်ရာတွေဖြစ်၊ VAR ရှိတော့လည်းအငြင်းပွွားဖွယ်ရာတွေဖြစ်နဲ့ လူ ့အလို နတ်မလိုက်နိုင်ဘူးဆိုတဲ့ စကားအတိုင်းဖြစ်နေပါပြီ။ VAR သုံးတာကောင်းလား၊ မသုံးတာကောင်းလား ပြောကြည့်ပါဦး။