Eleven Media Group

အင်ဒိုနီးရှားလက်ရွေးစင်အသင်းအတွက် ပြောင်းလဲကစားရန် ဘရိုက်တန်အသင်းနောက်ခံလူ ဗဲ့လ်မန်း ဆန္ဒရှိနေ

Photo: BBC

ဘရိုက်တန်အသင်းမှ နယ်သာလန်နောက်ခံလူ ဗဲ့လ်မန်းသည် အင်ဒိုနီးရှားလက်ရွေးစင်အသင်းအတွက် ပြောင်းလဲကစားရန် ဆန္ဒရှိနေကြောင်း သိရသည်။

ဗဲ့လ်မန်း(၃၃ နှစ်)သည် နယ်သာလန်တွင် မွေးဖွားကြီးပြင်းခဲ့သူဖြစ်သော်လည်း ၎င်း၏ မျိုးရိုးမှာ အင်ဒိုနီးရှားမှဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်က ဗဲ့လ်မန်းအား အင်ဒိုနီးရှား လက်ရွေးစင်အဖြစ် ပြောင်းလဲကစားပေးရန် ချဉ်းကပ်တောင်းဆိုမှုများ ပြုလုပ်နေကြောင်း သိရသည်။

ဗဲ့လ်မန်း သည် နယ်သာလန်ကလပ် အေဂျက်စ်အသင်းမှ ဘရိုက်တန်အသင်းသို့ ပြောင်းရွေ့လာသူဖြစ်ပြီး ဘရိုက်တန်အသင်းတွင် ၂၀၂၀-၂၁ ရာသီမှ စတင်ကစားနေသူဖြစ်သည်။

ဗဲ့လ်မန်း သည် လက်ရှိရာသီတွင် ဘရိုက်တန်အသင်းအတွက် ပြိုင်ပွဲစုံ ၂၁ ပွဲ ကစားခွင့် ရရှိထားကြောင်း သိရသည်။

ဗဲ့လ်မန်းသည် နယ်သာလန်လက်ရွေးစင်အသင်းအတွက် (၂၈)ပွဲကစားခဲ့ဖူးသော်လည်း ၂၀၂၁ နောက်ပိုင်း ရွေးချယ်မခံရတော့ပေ။ လက်ရွေးစင်အသင်းနှင့် (၂)နှစ်ကြာကင်းကွာနေပါက အခြားလက်ရွေးစင်အသင်းကို ပြောင်းလဲကစားနိုင်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group