Eleven Media Group

Ballon d'Or ဆုအိပ်မက်မက်ခဲ့သူရော်ဘင်ဟိုရဲ့ အကျဉ်းသားဘဝ

Photo: Getty Images

ရော်ဘင်ဟိုရဲ့နောက်ထပ် ခိုလှုံရာဟာ မီလန်ပါပဲ။ အကျင့်ပျက်ခြစားနေတဲ့ အီတလီဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီလက်ထဲက ကြယ်တွေစုံတဲ့ အေစီမီလန်ကို ရော်ဘင်ဟိုလည်း ရောက်ခဲ့ပါတယ်။ ရော်ဘင်ဟိုရဲ့ကံဇာတာအတိုင်း ဂရိတ်တွေနဲ့ ရေစက်ဆုံခွင့်ရပြန်တယ်။ သီယာဂိုဆေးလ်ဗား၊ ဆီးဒေါ့ဖ်၊ အီဘရာဟီမိုဗစ်၊ ဖိလစ်ပိုအင်ဇာဂီ၊ ရော်နယ်လ်ဒင်ဟို၊ ပီယာလို၊ ပါတိုတို့ဟာ ရော်ဘင်ဟိုရဲ့မိတ်ဆွေကောင်းတွေဖြစ်လာတယ်။ မန်ချက်စတာမှာ သိပ်မလင်းခဲ့တဲ့ ရော်ဘင်ဟိုဟာ မီလန်မှာ လင်းနိုင်သမျှလင်းနိုင်အောင် ရုန်းကန်ခဲ့ပါတယ်။ မီလန်ကြယ်ပွင့်တွေဟာ တစ်ဦးနဲ့တစ်ဦးခိုင်မာတဲ့ နားလည်မှုစာချွန်လွှာ ရေးထိုးနိုင်ခဲ့ပါတယ်။ မီလန်မှာ ရှင်သန်ခဲ့ရတဲ့လေးနှစ်တာကာလဟာ ကစားသမားဘဝ အပျော်ဆုံးအချိန်တွေဆိုပြီး ရော်ဘင်ဟိုဝန်ခံခဲ့တယ်။ စီးရီးအေချန်ပီယံဆု ဆွတ်ခူးနိုင်လို့ ဂုဏ်ယူဝမ်းမြောက်ခဲ့ရတယ်။ မီလန်ကို ရော်ဘင်ဟိုရောက်အောင် နှုတ်ဖြင့်စောင်မခဲ့တာ နတ်ဘုရားကြီး ဇလာတန်အီဗရာဟီမိုဗစ်ပါ။ သူက အေစီမီလန် ဒုဥက္ကဋ္ဌ ဂယ်လီယာနီကို "ရော်ဘင်ဟိုကိုရအောင် ခေါ်စမ်းပါ။ သူက ကျွန်တော်တို့အတွက် ဂိုးတွေသွင်းပေးလိမ့်မယ်"ဆိုပြီး ပြောခဲ့ပါတယ်။ ဒါကြောင့်လည်း ဇလာတန်က အခါအခွင့်သင့်တိုင်း "ငါ့ကြောင့် မီလန်ကို မင်းရောက်လာတာပါ ချာတိတ်လေးရာ"လို့ ရော်ဘင်ဟိုကို စနောက်လေ့ရှိပါတယ်။ မီလန်ဟာ ရော်ဘင်ဟိုအတွက် အပျော်ဆုံး အချိန်တွေ ဖန်ဆင်းခဲ့သလို၊ ခြုံခိုတိုက်ခိုက်တတ်တဲ့ နတ်ဆိုးကလည်း ရော်ဘင်ဟိုကိုချောင်းမြောင်းနေခဲ့ပါတယ်။ မီလန်မှာ ရော်ဘင်ဟိုရဲ့စိတ်ဟာ နတ်ဆိုးပူးကပ်ခဲ့ပြီး အုပ်စုဖွဲ့စော်ကားမှုကိုကျုးလွန်မိခဲ့တာပါပဲ။ အပေါင်းအပါတွေနဲ့အတူ မိန်းကလေးတစ်ဦးကို အုပ်စုဖွဲ့စော်ကားလို့ ထောင်ဒဏ် (၉)နှစ် ကျခံလိုက်ရတယ်။

ငွေကြေးနဲ့ ကျော်ကြားမှုက လူတွေရဲ့ဆင်ခြင်တုံတရားကို ကွယ်လွန်စေတယ်။ ရော်ဘင်ဟိုလည်း ကျော်ကြားမှုဒဏ် မခံနိုင်ခဲ့ဘူး။ ငွေကြေးရဲ့ ကျေးကျွန်ဖြစ်ခဲ့ရတယ်။ ဆန်းတို့စ်ကနေ မက်ဒရစ်မြို့ကြီးပြကြီးဆီ ရော်ဘင်ဟိုရောက်တော့ ခပ်ငယ်ပဲ ရှိသေးတယ်။ ဘာအတွေ့အကြုံမှလည်း မရှိသေး ဘူး။ ရီးယဲလ်မှာ သူရေစက်ဆုံခွင့်ရတာ ရော်နယ်လ်ဒို၊ ဇီဒန်း၊ ရာအူးလ်တို့လို ဂရိတ်တွေ၊ ဆန်းတို့စ်ရဲ့အကောင်းဆုံးထုတ်ကုန်တစ်ခု၊ ပီလီလက်သစ်ဆိုပြီး တင်စားခဲ့ရသူ ရော်ဘင်ဟိုဟာ ရီးယဲလ်အဝတ်လဲခန်းထဲ ကြွက်ကလေးတစ်ကောင် ဖြစ်ခဲ့ဖူးတယ်။ ရီးယဲလ်မရောက်ခင်မှာ ဘာစီလိုနာကလည်း ရော်ဘင်ဟိုကို စိတ်ဝင်စားခဲ့တယ်။ ဒါပေမဲ့ ရီးယဲလ်မှာ အဲဒီအချိန်တုန်းက ဘရာဇီးလ် အသိုက်အမြုံရှိနေတယ်။ နည်းပြက ဘရာဇီးလ်သား လူဇင်ဘာဂို၊ ဘရာဇီးလ်ကြယ်ပွင့်တွေလည်းရှိနေလို့ ရော်ဘင်ဟိုက ရီးယဲလ်ကို ရွေးခဲ့တာပါပဲ။

ရီးယဲလ်အဝတ်လဲခန်းထဲမှာ ရော်ဘင်ဟိုက အစ်ကိုကြီးတွေ ဂရုစိုက်တာခံရတဲ့ညီငယ်လေး တစ်ယောက်လို စိတ်ချမ်းမြေ့ခဲ့ရတယ်။ ရော်ဘင်ဟိုတို့ ဘရာဇီးလ်ကစားသမားအဖွဲ့နဲ့ အရင်းနှီးဆုံးသူက ဘက်ခမ်ပါပဲ။ ရော်ဘင်ဟိုက "ဘက်ခမ်ဟာ သိပ်ပြီးအနေအေးပြီး တည်ကြည်တယ်။ ကျွန်တော် တွေ့ဖူးသမျှ ကစားသမားတွေထဲမှာ အံ့အားသင့်စရာ အကောင်းဆုံးပါ"လို့ ချီးကျူးတယ်။ ကာပယ်လို နည်းပြဖြစ်လာချိန်မှာ ရော်ဘင်ဟို နေရာသိပ်မရဘူး။ ရော်ဘင်ဟိုကို သိပ်ငယ်သေးတယ်ဆိုပြီး ကာပယ်လိုက အရန်ခုံပို့ခဲ့တာပါပဲ။ ဝင်ကစားခွင့်ရတော့လည်း ရော်ဘင်ဟို စိတ်ကြိုက်နေရာမဟုတ်ဘူး။ ခံစစ်အစွန်လူကို ကူညီနေရပါတယ်။ နောက်ဆုံး မက်ဒရစ်ကို ရော်ဘင်ဟို စွန့်ခွာခဲ့တယ်။ အဲဒီအတွက် ကာပယ်လိုကို ရော်ဘင်ဟိုအပြစ်မမြင်ပါဘူး။ ဒါပေမဲ့ သူ့ရဲ့မခံချင်စိတ်တွေ ပေါက်ကွဲထွက်ခဲ့ရတယ်။ ရီးယဲလ်ကနေထွက်ရလို့ ရော်ဘင်ဟို နောင်တမရပါဘူး။ သူစွမ်းသမျှလုပ်နိုင်ခဲ့ပါတယ်။ ဥရောပမြေပထမဆုံး အတွေ့အကြုံတွေပေးခဲ့တဲ့ ရီးယဲလ်ကိုလည်း ရော်ဘင်ဟို ကျေးဇူးတင်မိတယ်။ သူတွေးထားတဲ့ဘဝအတိုင်း ရီးယဲလ်မှာ ပိုင်ဆိုင်ခဲ့တယ်။

မန်ချက်စတာမြို့ကို သူရောက်လာတာ မန်ယူမှာ ကစားရမယ်ထင်ပြီး ရောက်လာတာပါပဲ။ မန်ချက်စတာမှာ မန်ယူတစ်သင်းတည်းရှိတယ်လို့ထင်တဲ့အထိ ရော်ဘင်ဟို ဗဟုသုတနည်းခဲ့တယ်။ မန်ချက်စတာမှာ နောက်ထပ်အသင်းတစ်သင်း ရှိတယ်ဆိုတာ သိမှ ရော်ဘင်ဟိုဘာဆက်လုပ်ရမလဲ မတွေးတတ်ဘဲဖြစ်ရတယ်။ မန်ယူမဟုတ်ရင် ချယ်လ်ဆီးမှာ သူကစားချင်ပေမယ့် အချိန်နှောင်းခဲ့ပါပြီ။ မန်ချက်စတာဟာ မက်ဒရစ်လောက် ရာသီဥတု မသာယာဘူး။ ရော်ဘင်ဟိုရဲ့ တစ်ကိုယ်ရေစာ ရာသီဥတုလည်း မသာယာခဲ့ဘူး။ နည်းပြ မာ့ခ်ဟုချ်နဲ့လည်းအဆင်မပြေချိန်တွေရှိခဲ့တယ်။ အထူးသဖြင့် စီနီယာတိုက်စစ်မှူး ဘယ်လာမီနဲ့ ရော်ဘင်ဟို ငြိခဲ့ပါတယ်။ ရော်ဘင်ဟိုက "ဘယ်လာမီနဲ့ ကျွန်တော် တစ်ခါရန်ဖြစ်ကြပါတယ်။ ကျွန်တော်နဲ့မှမဟုတ်ဘူး။ ဘယ်လာမီက ရန်လိုပြီးပေါက်ကွဲလွယ်လို့ လူအတော်များများနဲ့ အဆင်မပြေဘူး။ အာဆင်နယ်နဲ့ ကစားတဲ့ပွဲတစ်ပွဲမှာ ပထမပိုင်းပွဲချိန်အတွင်း ကျွန်တော် ကစားပုံမကောင်းဘူး။ အဲဒီအချိန်မှာ ဘယ်လာမီက ကျွန်တော့်ကို ဆဲတယ်။ သူ ပြောတာကို ကျွန်တော် နားမလည်ပေမယ့် ပထမပိုင်းအပြီး အဝတ်လဲခန်းထဲမှာ ငြိကြပါတယ်။ အသင်းဖော်တစ်ဦးက ဝင်ဆွဲလို့သာ အကြီးအကျယ် မဖြစ်ကြတာပါ"လို့ ပြန်ပြောပြတယ်။

ရော်ဘင်ဟိုရဲ့နောက်ထပ် ခိုလှုံရာဟာ မီလန်ပါပဲ။ အကျင့်ပျက်ခြစားနေတဲ့ အီတလီဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီလက်ထဲက ကြယ်တွေစုံတဲ့ အေစီမီလန်ကို ရော်ဘင်ဟိုလည်း ရောက်ခဲ့ပါတယ်။ ရော်ဘင်ဟိုရဲ့ကံဇာတာအတိုင်း ဂရိတ်တွေနဲ့ ရေစက်ဆုံခွင့်ရပြန်တယ်။ သီယာဂိုဆေးလ်ဗား၊ ဆီးဒေါ့ဖ်၊ အီဘရာဟီမိုဗစ်၊ ဖိလစ်ပိုအင်ဇာဂီ၊ ရော်နယ်လ်ဒင်ဟို၊ ပီယာလို၊ ပါတိုတို့ဟာ ရော်ဘင်ဟိုရဲ့မိတ်ဆွေကောင်းတွေဖြစ်လာတယ်။ မန်ချက်စတာမှာ သိပ်မလင်းခဲ့တဲ့ ရော်ဘင်ဟိုဟာ မီလန်မှာ လင်းနိုင်သမျှလင်းနိုင်အောင် ရုန်းကန်ခဲ့ပါတယ်။ မီလန်ကြယ်ပွင့်တွေဟာ တစ်ဦးနဲ့တစ်ဦးခိုင်မာတဲ့ နားလည်မှုစာချွန်လွှာ ရေးထိုးနိုင်ခဲ့ပါတယ်။ မီလန်မှာ ရှင်သန်ခဲ့ရတဲ့လေးနှစ်တာကာလဟာ ကစားသမားဘဝ အပျော်ဆုံးအချိန်တွေဆိုပြီး ရော်ဘင်ဟိုဝန်ခံခဲ့တယ်။ စီးရီးအေချန်ပီယံဆု ဆွတ်ခူးနိုင်လို့ ဂုဏ်ယူဝမ်းမြောက်ခဲ့ရတယ်။ မီလန်ကို ရော်ဘင်ဟိုရောက်အောင် နှုတ်ဖြင့်စောင်မခဲ့တာ နတ်ဘုရားကြီး ဇလာတန်အီဗရာဟီမိုဗစ်ပါ။ သူက အေစီမီလန် ဒုဥက္ကဋ္ဌ ဂယ်လီယာနီကို "ရော်ဘင်ဟိုကိုရအောင် ခေါ်စမ်းပါ။ သူက ကျွန်တော်တို့အတွက် ဂိုးတွေသွင်းပေးလိမ့်မယ်"ဆိုပြီး ပြောခဲ့ပါတယ်။ ဒါကြောင့်လည်း ဇလာတန်က အခါအခွင့်သင့်တိုင်း "ငါ့ကြောင့် မီလန်ကို မင်းရောက်လာတာပါ ချာတိတ်လေးရာ"လို့ ရော်ဘင်ဟိုကို စနောက်လေ့ရှိပါတယ်။

မီလန်ဟာ ရော်ဘင်ဟိုအတွက် အပျော်ဆုံး အချိန်တွေ ဖန်ဆင်းခဲ့သလို၊ ခြုံခိုတိုက်ခိုက်တတ်တဲ့ နတ်ဆိုးကလည်း ရော်ဘင်ဟိုကိုချောင်းမြောင်းနေခဲ့ပါတယ်။ မီလန်မှာ ရော်ဘင်ဟိုရဲ့စိတ်ဟာ နတ်ဆိုးပူးကပ်ခဲ့ပြီး အုပ်စုဖွဲ့စော်ကားမှုကိုကျုးလွန်မိခဲ့တာပါပဲ။ အပေါင်းအပါတွေနဲ့အတူ မိန်းကလေးတစ်ဦးကို အုပ်စုဖွဲ့စော်ကားလို့ ထောင်ဒဏ် (၉)နှစ် ကျခံလိုက်ရတယ်။ ဖြစ်စဉ်အကျဉ်းက ဒီလိုပါ။ မီလန်မြို့က နိုက်ကလပ်တစ်ခုမှာ ရော်ဘင်ဟိုနဲ့ တရားလိုအသက် (၂၂)နှစ်အရွယ် အယ်လ်ဘေးနီးယားမိန်းကလေး ဆုံတွေ့ခဲ့တယ်။ ရော်ဘင်ဟိုနဲ့ အတူ အခြားဘရာဇီးလ်အမျိုးသား (၅)ဦးလည်း အတူရှိနေခဲ့တာပါ။ အယ်လ်ဘေးနီးယား မိန်းကလေးနဲ့အတူ ရော်ဘင်ဟိုတို့အဖွဲ့ အတူသောက်ခဲ့ကြပြီး အမူးလွန်သွားချိန်မှာ ရော်ဘင်ဟိုနဲ့ အပေါင်းအပါတွေဟာ သူ့ကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့တယ်လို့ အယ်လ်ဘေးနီးယားမိန်းကလေး စွပ်စွဲခဲ့တယ်။

အဲဒီဖြစ်ရပ်ဟာ အေစီမီလန်မှာ ရော်ဘင်ဟို ကစားနေတဲ့ ၂၀၁၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တာပါပဲ။ ရော်ဘင်ဟိုကို ၂၀၁၇ ခုနှစ်မှာ အီတလီအစိုးရ ရှေ့နေတွေက စွဲချက်တင်ခဲ့တာဖြစ်ပါတယ်။ အီတလီတရားရုံးက ရော်ဘင်ဟိုကို ထောင်ဒဏ် (၉)နှစ် ချမှတ်ခဲ့ပေမယ့် အီတလီနိုင်ငံပြင်ပမှာ သက်ရောက်မှုမရှိလို့ ဘရာဇီးလ်အစိုးရထံ အကြောင်းကြားပြီး ထောင်ဒဏ်ပြစ်ဒဏ်ချမှတ်စေခဲ့တာ ဖြစ်ပါတယ်။ ရော်ဘင်ဟိုက ပြစ်ဒဏ်အတွက် အယူခံဝင်ခွင့်ရှိပြီး ရော်ဘင်ဟိုကိုယ်တိုင်ကလည်း သူ့မှာအပြစ်မရှိဘူးလို့ ပြောပါတယ်။ အယ်လ်ဘေးနီးယားမိန်းကလေးနဲ့ ဖြစ်ခဲ့တာဟာ အလိုမတူဘဲဖြစ်ခဲ့တာမဟုတ်ဘူးလို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဘရာဇီးလ် ဗဟိုတရားရုံးက ရော်ဘင်ဟိုကို ထောင်ဒဏ်ကိုးနှစ် ချမှတ်ခဲ့ပြီး အခု ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ ဘရာဇီးလ်ရဲတပ်ဖွဲ့ဟာ ဆန်းတို့စ်က ရော်ဘင်ဟိုရဲ့နေအိမ်ကိုဝင်ရောက်စီးနင်းပြီး ဖမ်းဆီးထိန်းသိမ်းခဲ့တာပါပဲ။ ဆန်းတို့စ်ရဲ့အကောင်းဆုံးထုတ်ကုန်၊ ပီလီလက်သစ်ဆိုပြီး တင်စားခံရသူ၊ ရီးယဲလ်၊ မန်စီးတီး၊ အေစီမီလန်စတဲ့ထိပ်တန်းအသင်းတွေမှာ ကျင်လည်ပြီး ပရိသတ်တွေနှလုံးသားထဲတိုးဝင်နိုင်ခဲ့သူ၊ တစ်နေ့မှာ Ballon d'Or ဆု ပိုင်ဆိုင်ခွင့်ရမယ်လို့ နေမာနဲ့အတူ စိတ်ကူးယဉ်ခဲ့သူ၊ ရော်ဘင်ဟိုရဲ့ဘဝဟာ အမှောင်ထဲရောက်ခဲ့ပါပြီ။ ဘောလုံးဝါသနာအိုး ဘရာဇီးလ်သမ္မတ လူလာဒါဆေးလ်ဗားက တစ်ချိန်တုန်းက သူအားပေးဖူးတဲ့ရော်ဘင်ဟိုဟာ ထောင်ဒဏ်နဲ့ ထိုက်တန်တယ်ဆိုပြီး မှတ်ချက်ပြုခဲ့တယ်။

မူရင်းသတင်း — Eleven Media Group