Eleven Media Group

၎င်းအပါအဝင် မန်ယူနောက်ခံကစားသမားများကို ဝေဖန်ခဲ့သည့် အသင်းဂန္ထဝင် ပေါလ်စခိုးလ်ကို လီဆန်ဒရိုမာတီနက်ဇ် တုံ့ပြန်

Photo: Goal.com

မန်ယူနောက်ခံကစားသမား လီဆန်ဒရိုမာတီနက်ဇ်သည် ၎င်းနှင့် အသင်းဖော်နောက်ခံကစားသမားများကို ဝေဖန်ခဲ့သည့် အသင်းဂန္ထဝင် ပေါလ်စခိုးလ် အား Instagram တွင် ပြန်လည်တုံ့ပြန်ခဲ့ကြောင်း သိရသည်။

အာဂျင်တီးနားလက်ရွေးစင် လီဆန်ဒရိုမာတီနက်ဇ်(၂၇ နှစ်)သည် ၂၀၂၂ တွင် အေဂျက်စ်အသင်းမှ မန်ယူအသင်းထံသို့ ပေါင် (၅၅)သန်းဖြင့် ရောက်ရှိလာခဲ့သူဖြစ်သည်။ ၎င်းသည် ခရစ္စတယ်ပဲလေ့စ်အား (၀-၂)ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲတွင် ACL ဒဏ်ရာရရှိခဲ့ပြီး ယခုရာသီကုန်အထိ အနားယူရတော့မည်ဖြစ်သည်။

သို့သော် ပေါလ်စခိုးလ်သည် The Overlap Fan Debate တွင် ၎င်း၏အသင်းဟောင်း မန်ယူကို ဝေဖန်ခဲ့သလို၊ လော်တာရိုမာတီနက်ဇ်အပါအဝင် လက်ရှိ မန်ယူနောက်ခံကစားသမားများကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။

လီဆန်ဒရိုမာတီ နက်ဇ်နှင့်ပတ်သက်ပြီး ပေါလ်စခိုးလ်က "တကယ်လို့ လီဆန်ဒရိုမာတီနက်ဇ် ကြံ့ခိုင်မှုပြည့်ဝနေမယ်ဆိုရင်တောင် သူဟာ မန်ယူအသင်းကို ပရီးမီးယားလိဂ် ရယူပေးနိုင်လောက်တဲ့အထိ စွမ်းဆောင်နိုင်မယ့်သူ မဟုတ်ပါဘူး"ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

လီဆန်ဒရိုမာတီနက်ဇ်သည် ပေါလ်စခိုးလ်၏ အဆိုပါမှတ်ချက်ကို ဒေါသထွက်ခဲ့ပြီး ၎င်း၏ Instagram မှတစ်ဆင့် ပြန်လည်တုံ့ြ့ပန်ခဲ့ခြင်းဖြစ်သည်။ လီဆန်ဒရိုမာတီနက်ဇ်က "ဒီကျိန်စာတိုက်တဲ့ ဘဲက တကယ်ကို နာကျင်စေပါတယ်။ သူ့ကို အာဂျင်တီးနားမှာ ထားလိုက်မယ်ဆိုရင် အသက်တောင်ရှင်မှာ မဟုတ်ပါဘူး"ဟု ၎င်း၏ Instagram တွင် ရေးသားခဲ့သည်။

မူရင်းသတင်း — Eleven Media Group