Eleven Media Group

ကွန်းဖရန့်လိဂ် Play-offs အဆင့် ပထမအကျော့ ပွဲကြိုသုံးသပ်ချက်

Photo: Facebook

ဆယ်ရယ် နှင့် APOEL (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

ဆလိုဗေးနီးယားကလပ် ဆယ်ရယ်အသင်းက ဥရောပပွဲ အိမ်ကွင်း(၆)ပွဲဆက် ရှုံးပွဲမရှိခဲ့ဘူး။ APOEL ကလည်း ဖီအိုရင်တီးနားကိုတောင် အနိုင်ကစားခဲ့တဲ့အသင်းပါ။ APOEL ရှုံးဖို့ မရှိပါဘူး။

TSC နှင့် ယာဂယ်လိုနီယာ (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

ပိုလန်ကလပ် ယာဂယ်လိုနီယာအသင်းက ထိပ်ဆုံး(၈) သင်းစာရင်းနဲ့ ကပ်လွဲခဲ့တဲ့အသင်းပါ။ ဆားဘီးယားကလပ် TSC အသင်း သရေမျှော်လင့်လို့ရတယ်။

ဗိုက်ကင်ဂါ R နှင့် ပါနာသီနေကော့စ် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

ပါနာသီနေကော့စ်အသင်း ကွန်းဖရန့်လိဂ် အဖွင့်သုံးပွဲမှာ တစ်မှတ်သာရခဲ့ပေမဲ့ နောက်ဆုံးသုံးပွဲဆက်နိုင်လို့ ဒီအဆင့်ကို တက်ရောက်ခဲ့တာပါ။ ပါနာသီနေကော့စ်ပဲကြိုက်တယ်။

မိုလ်ဒီ နှင့် ရှမ်ရော့ခ်ရိုဗာ (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

မိုလ်ဒီအသင်းက ဥရောပသမ္ဘာပိုရှိပေမဲ့ ရှမ်ရော့ခ်ရိုဗာအသင်း အခုရာသီ ကွန်းဖရန့်လိဂ်မှာ ရလဒ်ကောင်းနေပါတယ်။ ရှမ်ရော့ခ်ရိုဗာဘက်ကပဲ ရပ်တည်ချင်တယ်။

KAA ဂျန့် နှင့် ဘက်တစ် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

ဘက်တစ်အသင်းမှာ မန်ယူနိုက်တက်ကနေ အငှားလာကစားတဲ့ အန်တိုနီတစ်ယောက် ရောက်ရောက်ချင်း ခြေစွမ်း ပြနေတယ်။ သူကစားတဲ့ နှစ်ပွဲစလုံး နိုင်ပွဲမရခဲ့ပေမဲ့ ဘီလ်ဘာအိုနဲ့ပွဲမှာ နှစ်ကြိမ်တိုင်ဦးဆောင်ပြီးမှ သရေကျခဲ့ပြီး ဆယ်လ် တာဗီဂိုနဲ့ပွဲမှာလည်း ပထမပိုင်း နှစ်ဂိုးပြတ်ဦးဆောင်ခဲ့ပြီးမှ အရေးနိမ့်ခဲ့တာဖြစ်တယ်။ လာလီဂါမှာ ဘက်တစ်အသင်းက အမှတ်ပေးဇယားအလယ်နား ရပ်တည်နေတာဖြစ်လို့ ဖလားပြိုင်ပွဲဘက်ကို အာရုံစိုက်ကစားနိုင်တယ်။ KAA ဂျန့်က အခုရာသီ ဥရောပအိမ်ကွင်းပွဲအားလုံး အနိုင်ကစားထားတာပါ။ အိမ်ရှင်နဲ့ စွန့်စားတာပိုကောင်းမယ်။

FC ကိုပင်ဟေဂင် နှင့် ဟိုင်းဟိုင် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

ဒိန်းမတ်ကလပ် FC ကိုပင်ဟေဂင်အသင်း နောက်ဆုံးပွဲမှာ အရေးနိမ့်ခဲ့လို့သာ Play-offs အဆင့်မှာ ဆီဒင်မဲ့အသင်း ဖြစ်ခဲ့ရတာပါ။ ဥရောပအတွေ့အကြုံပိုင်းမှာတော့ FC ကိုပင်ဟေဂင်အသင်းက ဟိုင်းဟိုင်ထက် များစွာသာပြီး အိမ်ကွင်း မှာ ဥရောပအသင်းကြီးတွေကိုတောင် ယှဉ်ကစားခဲ့တဲ့ အစဉ်အလာတွေလည်း ရှိခဲ့တယ်။ ဟိုင်းဟိုင်အသင်းကတော့ ဘွန်ဒစ်လီဂါ လေးပွဲဆက် အရေးနိမ့်ထားပြီး ပြိုင်ပွဲစုံနောက်ဆုံး (၁၅)ပွဲမှာ တစ်ပွဲပဲ အနိုင်ရခဲ့တဲ့အထိ အခြေအနေဆိုးနေတာ တွေ့ရတယ်။ ဒိန်းမတ်မြေလည်းဖြစ်လို့ FC ကိုပင်ဟေဂင်ကိုပဲ ရွေးချယ်ချင်တယ်။

အိုမိုနီးယား နှင့် ပါဖိုးစ် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

ဆိုက်ပရပ်စ်ကလပ် ပါဖိုးစ်အသင်းက League Phase အဆင့်မှာ ရှုံးပွဲနှစ်ပွဲရှိခဲ့ပေမဲ့ ဖီအိုရင်တီးနား၊ ဟိုင်းဟိုင်အသင်းတွေကိုသာ အရေးနိမ့်ခဲ့တာပါ။ ဆိုက်ပရပ်စ်ကလပ်အသင်းအချင်းချင်းတွေ့ဆုံတာဖြစ်ပြီး ပါဖိုးစ် ရလဒ်ကောင်းနိုင်တယ်။

ဘိုရက် နှင့် အိုလင်ပီယာ (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

ဆလိုဗေးနီးယားကလပ် အိုလင်ပီယာအသင်းက ဒီရာသီ ဥရောပအဝေးကွင်းပွဲတွေမှာ တစ်ပွဲပဲ အရေးနိမ့်ခဲ့တယ်။ အိုလင်ပီယာ မရှုံးတာသေချာပါတယ်။

မူရင်းသတင်း — Eleven Media Group