
မန်စီးတီးတိုက်စစ်ကစားသမား ဂရီးလစ်ရှ်က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်မှာ ၎င်း၏ဘဝတစ်လျှောက် အခက်ခဲဆုံးနှစ်တစ်နှစ်ဖြစ်ခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်။
အင်္ဂလန်လက်ရွေးစင် ဂရီးလစ်ရှ်(၂၉ နှစ်)သည် ပြီးခဲ့သည့်ရာသီက ရုန်းကန်ခဲ့ပြီး ပရီးမီးယားလိဂ် (၁၀) ပွဲသာ ပါဝင်ကစားခွင့်ရရှိခဲ့သလို၊ ၂၀၂၄ တစ်နှစ်လုံး တစ်ဂိုးမျှ သွင်းယူနိုင်ခဲ့ခြင်းမရှိပေ။
ဂရီးလစ်ရှ်က ''ပြီးခဲ့တဲ့နှစ်က အ ရမ်းထူးဆန်းပါတယ်။ သမီးလေး မွေးဖွားတာကလွဲလို့ အရာအားလုံးက ကျွန်တော့်အတွက် ခက်ခဲခဲ့ပါတယ်။ ကွင်းတွင်းမှာရော ကွင်းပြင်ပမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ကျွန်တော့်ဘဝတစ်လျှောက် အခက်ခဲဆုံးနှစ်တစ်နှစ် ဖြစ်ခဲ့တာပါ''ဟု ပြောကြားခဲ့သည်။
ဂရီးလစ်ရှ်သည် ၂၀၂၁ နွေရာသီတွင် အက်စတွန်ဗီလာမှ မန်စီးတီးသို့ ပေါင်သန်း(၁၀၀)ဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ၂၀၂၂-၂၃ ရာသီတွင် အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ(၅၀)အထိ ကစားခွင့်ရရှိခဲ့သည်။
သို့သော် ပြီးခဲ့သည့်ရာသီနှင့် ယခုရာသီများတွင် ပွဲကစားခွင့်များ ဆက်တိုက်လျော့ကျလာခဲ့ခြင်းဖြစ်သည်။