Eleven Media Group

ရာသီဝက်အငှားဖြင့် လာရောက်ကစားနေသော်လည်း အခွင့်အရေးရှိပါက အေစီမီလန်အသင်းတွင် ဆက်နေလိုနေကြောင်း ဂျော်အိုဖေးလစ် ပြောကြား

Photo: AC Milan

ချယ်လ်ဆီးအသင်းမှ ရာသီဝက်အငှားဖြင့် လာရောက်ကစားနေသည့် ပေါ်တူဂီတိုက်စစ်ကစားသမား ဂျော်အိုဖေးလစ်က အခွင့်အရေးရှိပါက အငှားစာချုပ်ပြည့်လျှင်လည်း အေစီမီလန်အသင်းတွင် ဆက်နေလိုကြောင်း ပြောကြားခဲ့သည်။
အသက် (၂၅) နှစ်အရွယ်ရှိ ဂျော်အိုဖေးလစ်သည် ပြီးခဲ့သည့်နွေကမှ အက်သလက်တီကိုအသင်းမှ ချယ်လ်ဆီးအသင်းသို့ ယူရို (၅၂)သန်းဖြင့် ရောက်ရှိလာသူဖြစ်သည်။
၎င်းသည် ချယ်လ်ဆီးအသင်းအတွက် ယခုရာသီ ပြိုင်ပွဲစုံပွဲ (၂၀) တွင် (၇) ဂိုးသွင်းယူခဲ့သော်လည်း ပရီးမီးယားလိဂ်တွင် (၃) ပွဲသာ ပွဲထွက်ခွင့်ရရှိခဲ့သည်။
ဂျော်အိုဖေးလစ်သည် ပွဲကစားခွင့်နည်းပါးခြင်းကြောင့် ဒေါသထွက်ခဲ့ပြီး ပြီးခဲ့သည့်ဇန်နဝါရီတွင် အေစီမီလန်အသင်းထံသို့ ရာသီဝက်အငှားဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
ဂျော်အိုဖေးလစ်သည် အေစီမီလန်အတွက် ပွဲဦးထွက်ဖြစ်သည့် ရိုးမားနှင့်ပွဲတွင် အသင်းအတွက် (၁) ဂိုးသွင်းပေးနိုင်ခဲ့သည်။
ယခုအခါ ဂျော်အိုဖေးလစ်က ၎င်းင်း၏အနာဂတ်နှင့်ပတ်သက်ပြီး ပြောကြားခဲ့ခြင်းဖြစ်သည်။
ဂျော်အိုဖေးလစ်က '' အေစီမီလန်မှာ အရာရာတိုင်းကို ကျွန်တော် နှစ်သက်ပါတယ်။ ဒီကလူတွေက ကျွန်တော်တို့ကို ကြိုဆိုကြတယ်။ ဘောလုံးမှာ ဘာမဆိုဖြစ်နိုင်ပါတယ်။ အေစီမီလန်မှာ ဆက်နေခွင့်ရမယ်ဆိုရင် ဆက်နေမှာပါ''ဟု ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group