
ရီးယဲလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်က ၎င်းအနေဖြင့် အသင်းတွင် နှစ်ပေါင်းများစွာ ကစားသွားလိုကြောင်း ဖွင့်ဟပြောကြားခဲ့သည်။
ဘရာဇီးလ်လက်ရွေးစင် ဗင်နီစီယပ်စ်(၂၄ နှစ်)သည် ၂၀၂၇ ခုနှစ်တွင် ရီးယဲလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ၎င်းကိုခေါ်ယူရန် ဆော်ဒီပရိုလိဂ်ကလပ်များက စိတ်ဝင်စားနေကြောင်း သိရသည်။
ပြီးခဲ့သည့်ရက်သတ္တပတ်က ဗင်နီစီယပ်စ်သည် ရီးယဲလ်အသင်း၏စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ကြောင်း စပိန်မီဒီယာအချို့က ဖော်ပြခဲ့ကြသည်။
ယခုအခါ ဗင်နီစီယပ်စ်က အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန်ဆွေးနွေးနေပြီး အဆင်ပြေရန် မျှော်လင့်ကြောင်း TNT Sports သို့ ပြောကြားခဲ့သည်။
ဗင်နီစီယပ်စ်က ''ကျွန်တော့်ရဲ့ဆန္ဒက ဒီမှာ ကာလရှည်နေထိုင်ပြီး ရီးယဲလ်နဲ့အတူ သမိုင်းသစ်တွေ ရေးထိုးဖို့ပါ။ ရီးယဲလ်မှာ ကြာနိုင်သလောက် ကြာကြာနေချင်ပါတယ်။ လာမယ့်ရက်အနည်းငယ်အတွင်း အသင်းနဲ့စာချုပ်သစ် ချုပ်နိုင်ဖို့မျှော် လင့်ပါတယ်''ဟု ပြောကြားခဲ့သည်။