
ဆော်ဒီကလပ် အယ်လ်နာဆာအသင်းမှ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ၂၀၂၄ ခုနှစ်အတွင်း ဝင်ငွေ အေကာင်းဆုံးအားကစားသမားအဖြစ် ရပ်တည်ခဲ့ကြောင်း သိရသည်။
စီရော်နယ်လ်ဒိုသည် ၂၀၂၄ ခုနှစ်အတွင်းတွင် စုစု ပေါင်းဝင်ငွေ ဒေါ်လာသန်း(၂၆၀)ရှိခဲ့သည့်အတွက် ဝင်ငွေအ ကောင်းဆုံးအားကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။
စီရော်နယ်လ်ဒိုသည် အယ်လ်နာဆာအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း ဝင်ငွေအကောင်းဆုံးအားကစားသမားအဖြစ် (၂)နှစ်ဆက်တိုက် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သော်လည်း ၂၀၂၄ ခုနှစ်တွင် ၂၀၂၃ ခုနှစ်ထက် ဒေါ်လာ(၁၅)သန်း လျော့ကျသွားခဲ့ကြောင်း သိရသည်။
၎င်း၏ မဟာပြိုင်ဘက်ဖြစ်သည့် အင်တာမိုင်ယာမီမှ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီမှာမူ ၂၀၂၃ ခုနှစ်တွင် တစ်နှစ်ဝင်ငွေ ဒေါ်လာသန်း(၁၃၀)ဖြင့် တတိယနေရာ ရပ်တည်နိုင်ခဲ့သော်လည်း ၂၀၂၄ ခုနှစ်တွင်မူ တစ်နှစ်ဝင်ငွေ ဒေါ်လာ(၁၃၅)သန်းဖြင့် စတုတ္ထနေရာသို့ ရောက်ရှိသွားခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်အတွင်း ဝင် ငွေအကောင်းဆုံး အားကစားသမားစာရင်းတွင် စီရော်နယ်လ်ဒို၏နောက်၌ အမေရိကန်ဘတ်စကက်ဘောကစားသမား စတီဖန်ကာရီက ဒေါ်လာ(၁၅၃.၈)သန်းဖြင့် ဒုတိယနေရာရပ်တည်ခဲ့ပြီး ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖျူရီက ဒေါ်လာ (၁၄၇)သန်းဖြင့် တတိယနေရာ ရပ်တည်ခဲ့သည်။
၂၀၂၄ ခုနှစ်အတွင်း ဝင်ငွေအကောင်းဆုံး အားကစားသမား(၁၀၀)စာရင်းတွင် နိုင်ငံ(၂၇)နိုင်ငံ၊ အားကစားနည်း (၈)မျိုးမှ အားကစားသမားများသာ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
ဝင်ငွေအကောင်းဆုံးဖြစ်ခဲ့သော အားကစားနည်းများမှာ ဘောလုံး၊ ဘတ်စကက်ဘော၊ လက်ဝှေ့၊ ဂေါ့ဖ်၊ ရပ်ဘီ၊ ပြိုင်ကား၊ ဘေ့စ်ဘောနှင့် တင်းနစ်တို့ဖြစ်သည်။
ထိပ်ဆုံး(၁၀၀) စာရင်းတွင် ဘောလုံးလောကမှ (၁၂)ဦးပါဝင်ခဲ့ပြီး စီရော်နယ်လ်ဒို၊ မက်ဆီ၊ နေမာ၊ ဘန်ဇီမာ၊ ဘာပေ၊ ဟာလန်း၊ ဆာလာ၊ ဗင်နီစီယပ်စ်၊ မာရက်ဇ်၊ မာနေ၊ ဟာရီကိန်းနှင့် ဒီဘရိုင်းနားတို့ဖြစ်ကြောင်း သိရသည်။
ဝင်ငွေအကောင်းဆုံးစာရင်း၌ အဓိကနေရာယူထားသူများမှာ ဘတ်စကက်ဘောကစားသမားများဖြစ်ပြီး စုစုပေါင်း(၃၆)ဦးအထိ ပါဝင်ခဲ့သည်။
အမေရိကန်ဂေါ့ဖ်ကစားသမား ကိုကိုဂေါ့ဖ်က အမျိုးသမီးအားကစားသမားများထဲတွင် ဝင်ငွေအကောင်းဆုံးဖြစ်ခဲ့သည်။