Eleven Media Group

■ ယနေ့ညကစားမည့် ဥရောပဘောလုံးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

■ ပရီးမီးယားလိဂ်ပွဲစဉ် (၂၅) ပွဲကြိုသုံးသပ်ချက်
ဘရိုက်တန် - ချယ်လ်ဆီး (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၅ ရက် နံနက် ၂:၃၀ နာရီ)
မကြာသေးခင်ကပဲ ဘရိုက်တန်က ချယ်လ်ဆီးကို FA ဖလားပြိုင်ပွဲကနေ ဖြုတ်ချထားခဲ့တယ်။ ချယ်လ်ဆီးရဲ့အကောင်းဆုံး လူစာရင်းတော့ မဟုတ်ခဲ့ပေမဲ့ အင်အားပြည့် အသင်းတစ်သင်းလို့ ပြောလို့ရတယ်။ ဒီပွဲအတွက်လည်း ဘရိုက်တန်က ယုံကြည်မှုအပြည့် ရှိနေမှာ သေချာတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ ချယ်လ်ဆီးကို အနိုင်ယူနိုင်မယ်မထင်ဘူး။ ပရီးမီးယားလိဂ်မှာ ချယ်လ်ဆီးက ပုံစံပိုကောင်းနေပါတယ်။ ချယ်လ်ဆီးကို ကြိုက်တယ်။


■ လာလီဂါပွဲစဉ် (၂၄) ပွဲကြိုသုံးသပ်ချက်
ဂျီရိုနာ - ဂီတာဖေး (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၅ ရက် နံနက် ၂:၃၀ နာရီ)
ဂီတာဖေးကစားပုံ ပိုငြိမ်လာပြီး ခံစစ်ကစားပုံ ပိုကောင်းလာတယ်။ ဂျီရိုနာက အတက်အကျရှိနေတုန်းပဲ။ ဒါပေမဲ့ အစဉ် အလာအရ ဂျီရိုနာက အိမ်ကွင်းမှာ အသာရလေ့ရှိလို့ မရှုံးနိုင်ဘူး။ ဂျီရိုနာနဲ့ ဂိုးအနည်းပဲ ရွေးထားချင်တယ်။


■ စီးရီးအေပွဲစဉ် (၂၅) ပွဲကြိုသုံးသပ်ချက်
ဘိုလော့ဂ်နာ - တိုရီနို (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၅ ရက် နံနက် ၂:၁၅ နာရီ)
တိုရီနိုအသင်း စီးရီးအေနောက်ဆုံး(၇)ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့ပေမဲ့ (၆)ပွဲက သရေရလဒ် ထွက်ပေါ်ခဲ့တာဖြစ်တယ်။ ဘိုလော့ဂ်နာကလည်း နောက်ပိုင်း သရေပွဲတွေများနေလို့ အမှတ်ခွဲယူကြဖို့ များတယ်။


■ ဘွန်ဒစ်လီဂါပွဲစဉ် (၂၂) ပွဲကြိုသုံးသပ်ချက်
အော့စ်ဘတ် - လိုက်ပ်ဇစ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၅ ရက် နံနက် ၂:၀၀ နာရီ)
အော့စ်ဘတ်အသင်း နောက်ဆုံး(၅)ပွဲဆက်တိုက် ရှုံးပွဲမရှိ ကစားထားတယ်။ လိုက်ပ်ဇစ်ကတော့ (၄)ပွဲဆက် နိုင်ပွဲပျောက်နေပြီးမှ နိုင်ပွဲပြန်ရထားတယ်။ အော့စ်ဘတ်အသင်း သရေတော့ မျှော်လင့်နိုင်မယ်။


■ ပြင်သစ်လီဂူးပွဲစဉ် (၂၂) ပွဲကြိုသုံးသပ်ချက်
ဘရက်စ် - အော်ဇေး (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၅ ရက် နံနက် ၂:၁၅ နာရီ)
ချန်ပီယံလိဂ်နဲ့ ဘရက်စ်အသင်း အာရုံများနေတာကို အော်ဇေးတို့ အခွင့်အရေးယူဖို့ ကြိုးပမ်းလိမ့်မယ်။ ဘရက်စ်အနေနဲ့ အဖက်ဖက်က အော်ဇေးထက် သာပေမဲ့ ပွဲပန်းနိုင်တာကို ထည့်တွက်ရမယ်။ အော်ဇေး အမှတ်ရနိုင်မယ်ထင်တယ်။

မူရင်းသတင်း — Eleven Media Group