Eleven Media Group

■ PSR စည်းမျဉ်းကို ပရီးမီးယားလိဂ်တွင် ဆက်လက်အသုံးပြုဖွယ်ရှိ

ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် လာမည့်ရာသီ၌ PSR စည်းမျဉ်းကို ဆက်လက်အသုံးပြုဖွယ်ရှိကြောင်း သိရသည်။

ပရီးမီးယားလိဂ်၏ အမြတ်အစွန်းနှင့် ရေရှည်တည်တံ့မှုစည်းမျဉ်း(PSR)ကို အသုံးမပြုရန် ကန့်ကွက်သည့်အသင်းအချို့ရှိနေသော်လည်း ထောက်ခံမည့်ဘက်တွင် မဲများနေသည့်အတွက် ဆက်လက်အသုံးပြုဖွယ်ရှိနေခြင်းဖြစ်ကြောင်းသိရသည်။

သို့သော် ငွေကြေးသုံးစွဲနိုင်မှုပမာဏနှင့် ပတ်သက်၍ အပြောင်းအလဲအနည်းငယ်ရှိလာနိုင်ကြောင်း သိရသည်။

ပရီးမီးယားလိဂ်၏ PSR စည်းမျဉ်းမှာ (၃)နှစ်အတွင်း ပေါင်(၁၀၅)သန်းထက် အရှုံးပေါ်ခွင့်မရှိသောကြောင့် ကလပ်အသင်းအချို့က အပြောင်းအလဲပြုလုပ်ရန် လိုလားနေကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group