
ဘာစီလိုနာအသင်းသည် နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်၏ အေးဂျင့်ဖြစ်သူကို ဆက်သွယ်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးနေရာ အစားထိုးရန်အတွက် ဆွီဒင်တိုက်စစ်မှူး အီဆက်ခ်ကို ချိန်ရွယ်နေခြင်းဖြစ်သည်။
ထို့ကြောင့် ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း အီဆက်ခ်၏အေးဂျင့်ထံ ချဉ်းကပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အသက် (၂၅) နှစ်အရွယ်ရှိ ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူး အီဆက်ခ်သည် ယခုရာသီတွင် နယူးကာဆယ်အတွက် ပြိုင်ပွဲစုံ (၂၈) ပွဲတွင် (၁၉) ဂိုးသွင်းယူထားသည်။
၎င်းသည် နယူးကာဆယ်အသင်းနှင့် ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး လျော်ကြေးစာချုပ်မှာ ပေါင်သန်း (၁၀၀) ဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။
အီဆက်ခ်အား ခေါ်ယူရန် ဘာစီလိုနာအသင်းအပြင် အာဆင်နယ်အသင်းကလည်း အထူးစိတ်ဝင်စားနေကြောင်း သိရှိရသည်။