
အက်သလက်တီကိုအသင်းသည် ပြင်သစ်တိုက်စစ်မှူး ဂရီးဇ်မန်းနေရာ အစားထိုးရန်အတွက် ကစားသမား(၃)ဦးကို ပစ်မှတ်ထားနေကြောင်း သိရသည်။
အသက် (၃၃) နှစ်အရွယ်ရှိ ပြင်သစ်ဝါရင့်တိုက်စစ်ကစားသမား ဂရီးဇ်မန်းသည် ၂၀၂၆ နွေရာသီတွင်မှ အက်သလက်တီကိုအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
သို့သော် အက်သလက်တီကိုအသင်းက ဂရီးဇ်မန်းအား ၎င်း၏အနာဂတ်နှင့်ပတ်သက်ပြီး စိတ်ကြိုက်ဆုံးဖြတ်ချက်ခွင့်ပေးထားသည်။
စပိန်မီဒီယာများ၏ဖော်ပြချက်အရ ဂရီးဇ်မန်းက လာမည့်နွေရာသီတွင် အသင်းမှထွက်ခွာမည်ဟု အက်သလက်တီကိုအသင်းထံ အကြောင်းကြားထားကြောင်း သိရသည်။
ထို့ကြောင့် အက်သလက်တီကိုအသင်းသည် ဂရီးဇ်မန်း၏နေရာတွင် အင်တာမီလန်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်၊ နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်နှင့် အတ္တလန်တာတိုက်စစ်ကစားသမား လွတ်ခ်မန်းတို့ကို ချိန်ရွယ်နေကြောင်း သိရသည်။
ဂရီးဇ်မန်းသည် လာမည့်နွေရာသီတွင် အမေရိကန်မေဂျာလိဂ်သို့ ပြောင်းရွှေ့ကစားဖွယ်ရှိနေပြီး ၎င်းကို ခေါ်ယူရန် အင်တာမိုင်ယာမီအပါအဝင် မေဂျာလိဂ်ကလပ်များစွာ စိတ်ဝင်စားနေကြောင်း သိရသည်။