Eleven Media Group

■ ချန်ပီယံလိဂ်ယှဉ်ပြိုင်ခွင့်ရရှိသည့်အသင်းထံသာ ယိုကယ်ရက်စ် ပြောင်းရွှေ့လို

Photo: Getty Images

စပို့တင်းလစ္စဘွန်းအသင်းမှ ဆွီဒင်တိုက်စစ်မှူး ယိုကယ်ရက်စ်သည် ချန်ပီယံလိဂ်ယှဉ်ပြိုင်ခွင့်ရရှိသည့်အသင်းထံသာ ပြောင်းရွှေ့ရန် ဆန္ဒရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် ယိုကယ်ရက်စ်(၂၆ နှစ်)ကို ခေါ်ယူလိုသည့် ထိပ်သီးအသင်း များစွာရှိနေပြီး စပို့တင်းလစ္စဘွန်းနည်းပြဟောင်း အာမိုရင်မ် ကိုင်တွယ်နေသည့် မန်ယူအသင်းက ခေါ်ယူနိုင်ရန် အလားအလာကောင်းနေကြောင်း ထင်ကြေးပေးမှုများရှိခဲ့သည်။

သို့သော် ယိုကယ်ရက်စ်သည် ချန်ပီယံလိဂ်ယှဉ်ပြိုင်ခွင့်ရရှိသည့်အသင်းကိုသာ ဦးစားပေးရွေးချယ်ရန် စီစဉ်နေကြောင်း သတင်းထွက်လာခြင်းဖြစ်သည်။

အသက် (၂၆) နှစ်အရွယ်ရှိ ယိုကယ်ရက်စ်သည် ၂၀၂၃-၂၄ ရာသီတွင် နာမည်ရလာသူဖြစ်ပြီး ၎င်းကို ခေါ်ယူရန် မန်ယူ၊ ဘာစီလိုနာ၊ အာဆင်နယ်အပါအဝင် ဥရောပထိပ်တန်းအသင်းများစွာက စိတ်ဝင်စားနေကြောင်း သိရှိရသည်။

ယိုကယ်ရက်စ်သည် ယခုရာသီတွင် စပို့တင်းလစ္စဘွန်းအတွက် ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ (၃၅) ပွဲတွင် (၃၄) ဂိုးအထိ သွင်းယူထားသည်။

မူရင်းသတင်း — Eleven Media Group