Eleven Media Group

■ ကလပ်ကမ္ဘာ့ဖလားမတိုင်မီ ဆာလာကို ခေါ်ယူနိုင်ရန် အယ်လ်ဟီလာနည်းပြ ဂျော့ချ်ဂျီးဆပ်စ် အလိုရှိ

Photo: Getty Images

ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းနည်းပြ ဂျော့ချ်ဂျီးဆပ်စ်သည် လီဗာပူးလ်တိုက်စစ်မှူး ဆာလာကို ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ခေါ်ယူနိုင်ရန် အလိုရှိနေကြောင်း သိရသည်။

အသက် (၃၂) နှစ်အရွယ်ရှိ အီဂျစ်လက်ရွေးစင်အသင်းခေါင်းဆောင် ဆာလာသည် ယခုရာသီကုန်တွင် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးနေသော်လည်း အဆင်မပြေဖြစ်နေကြောင်း သိရသည်။

ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းသည် ဘရာဇီးလ်ကြယ်ပွင့် နေမာအား နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းပြီးနောက် ထိပ်တန်းကြယ်ပွင့်ကစားသမားတစ်ဦး ခေါ်ယူရန် စီစဉ်နေပြီး ဆာလာကို ဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

ယခုအခါ အယ်လ်ဟီလာအသင်းနည်းပြ ဂျော့ချ်ဂျီးဆပ်စ်ကလည်း ကလပ်ကမ္ဘာ့ဖလားမတိုင်မီ ခေါ်ယူပေးရန် အသင်းတာဝန်ရှိသူများကို တိုက်တွန်းထားကြောင်း သိရသည်။

၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန် (၁၄) ရက်မှ ဇူလိုင် (၁၃) ရက်အထိ အမေရိကန်နိုင်ငံတွင် ကျင်းပသွားမည်ဖြစ်သည်။

အယ်လ်ဟီလာအသင်းသည် အဆိုပါပြိုင်ပွဲတွင် ဗိုလ်စွဲရန် ရည်မှန်းနေခြင်းကြောင့် ပြိုင်ပွဲမစတင်မီ ဆာလာအား ခေါ်ယူရန် စီစဉ်လာခြင်းဖြစ်သည်။

မူရင်းသတင်း — Eleven Media Group