Eleven Media Group

■ လာလီဂါပွဲစဉ် (၂၄) ပွဲကြိုသုံးသပ်ချက်

လီဟာနက်စ် - အလာဗတ်စ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၅ ရက် ည ၇:၃၀ နာရီ)
လီဟာနက်စ် ခြေစွမ်းကျနေသလို တွေ့ရတယ်။ အလာဗတ်စ်ရဲ့လက်ရှိခြေစွမ်းအရ လီဟာနက်စ်ကို ထိန်းကစားဖို့ များတယ်။ ဂိုးအနည်းသရေပွဲ ဖြစ်ဦးမယ်ထင်တယ်။


အိုဆာဆူနာ - ရီးယဲလ်မက်ဒရစ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၅ ရက် ည ၉:၄၅ နာရီ)
ရီးယဲလ်မက်ဒရစ်က ဒဏ်ရာတွေကြားမှာပဲ ပွဲကျပ်တွေ ဆက်တိုက်နွှဲနေရတယ်။ အခု အိုဆာဆူနာနဲ့ပွဲကိုလည်း မန်စီးတီးနဲ့ ချန်ပီယံလိဂ် (၂) ပွဲကြားမှာ ကစားရဦးမှာဆိုတော့ ရီးယဲလ် အပြည့်အဝ အားစိုက်နိုင်ပါ့မလားဆိုတာ စောင့်ကြည့်ချင်စရာ ဖြစ်လာတယ်။ နောက်ဆုံးလာလီဂါ (၂) ပွဲဆက်တိုက်လည်း နိုင်ပွဲပျော်ထားလို့ အခု အိုဆာဆူနာနဲ့ပွဲကို အာရုံစိုက်ဖို့ လိုလာပေမဲ့ ခံစစ်ပိုင်းဒဏ်ရာပြဿနာတွေကြား အလှည့်ကျလူထုတ်ဖို့ အခက်အခဲရှိနိုင်တာရယ်၊ တစ်ဖက်မှာလည်း မန်စီးတီးနဲ့ပွဲကလည်း ပိုအရေးကြီးနေတာရယ်ကြောင့် အိုဆာဆူနာနဲ့ပွဲကို မဖြစ်မနေ အင်အားချွေတာရမယ့်ပုံ ပေါ်နေတယ်။ အိုဆာဆူနာက ကစားပုံ မာကျောပြီး ကစားလည်း ကောင်းတယ်။ ရီးယဲလ်ကိုအစဉ်အလာအရ မယှဉ်နိုင်ပေမဲ့ ဒီပွဲတော့ အတတ်နိုင်ဆုံးခံကစားဖို့ ကြိုးစားလာနိုင်တယ်။ အိုဆာဆူနာနဲ့ ဂိုးအများပဲ ကြိုက်တယ်။


အက်သလက်တီကို - ဆယ်လ်တာဗီဂို (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၅ ရက် ည ၁၂:၀၀ နာရီ)
အက်သလက်တီကိုက ချန်ပီယံလိဂ်မှာ အနားရထားလို့ လာလီဂါကိုပဲ အပြည့်အဝအားစိုက်လာဖို့ ရှိနေတယ်။ လတ်တလော အက်သလက်တီကိုရဲ့အိမ်ကွင်းကစားအားနဲ့ ဂိုးသွင်းနှုန်းကလည်း အားစရာကောင်းတယ်။ ဆယ်လ်တာက အဝေးကွင်း အတော်လေးကျနေတယ်။ အထူးသဖြင့် အဝေးကွင်းမှာ ပွဲတိုင်းနီးပါး ဂိုးပေးနေရတယ်။ ဒီပုံစံနဲ့တော့ အက်သလက်တီကိုတောင့်ခံနိုင်မှာ မဟုတ်ဘူး။ အက်သလက်တီကိုနဲ့ ဂိုးအများပါပဲ။


ဗီလာရီးယဲလ် - ဗလင်စီယာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၆ ရက် နံနက် ၂:၃၀ နာရီ)
တန်းဆင်းအန္တရာယ်ဇုန်ထဲက လွတ်ခါနီး ဗလင်စီယာရဲ့ ရုန်းထွက်အားကို ဗီလာရီးယဲလ် နည်းနည်းတော့ သတိထားရလိမ့်မယ်။ ဒါပေမဲ့ ဗီလာရီးယဲလ်ရဲ့အိမ်ကွင်းတိုက်စစ်အားက ပိုကောင်းနေပြီး ဂိုးတွေလည်း ရနေတဲ့ကစားပုံက ခံစစ်အားနည်းနေသေးတဲ့ ဗလင်စီယာကို ဂိုးတွေရနိုင်ဖို့အတွက် မခက်လှဘူး ထင်တယ်။ ဂိုးသွင်းအားကောင်းတဲ့ ဗီလာရီးယဲလ်နဲ့ ဂိုးအများပဲ ရွေးထားလိုက်တယ်။

မူရင်းသတင်း — Eleven Media Group