
အတ္တလန်တာ - ကာဂလီယာရီ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၅ ရက် ည ၈:၃၀ နာရီ)
အတ္တလန်တာအသင်းက နောက်ဆုံးကစားထားတဲ့ အိမ်ကွင်း(၃)ပွဲဆက် နိုင်ပွဲပျောက်ခဲ့ရတယ်။ ဒါ့အပြင် ကြားရက်မှာ ကလပ်ဘရုဂေးအသင်းနဲ့ ချန်ပီယံလိဂ် အဆုံးအဖြတ်ပွဲ ကစားရဦးမှာဖြစ်လို့ အတ္တလန်တာအသင်း စီးရီးအေကို အားစိုက်မှု လျော့နည်းနိုင်တာကို ထည့်တွက်ရမယ်။ ကာဂလီယာရီအသင်းရဲ့နောက်ပိုင်းရလဒ်တွေ မဆိုးဘူးလို့ ပြောနိုင်တယ်။ ကာဂလီယာရီအသင်း ဂိုးပြတ်မရှုံးနိုင်ဘူး။
လာဇီယို - နာပိုလီ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၅ ရက် ည ၁၁:၃၀ နာရီ)
နာပိုလီအသင်း အူဒီးနီးစ်ကို မထင်မှတ်ဘဲ သရေကျခဲ့လို့ အင်တာအသင်းရဲ့ကပ်လိုက်လာမှုကို ခံလာရတယ်။ အခု တွေ့ဆုံရမယ့် လာဇီယိုကလည်း နာပိုလီအသင်းကို တောက်လျှောက်ဒုက္ခပေးနေတဲ့အသင်းပါ။ ပထမအကျော့ နာပိုလီကွင်း မှာတောင် လာဇီယိုက အနိုင်ကစားခဲ့ပြီး နောက်ဆုံးတွေ့ဆုံမှု (၅)ပွဲမှာလည်း ရှုံးပွဲမရှိခဲ့ဘဲ (၄)ပွဲအထိ အနိုင်ကစားခဲ့တယ်။ လာဇီယိုရဲ့ကက်စတယ်လာနို့စ်၊ ဇက်ကာဂနီတို့ တိုက်စစ်ပိုင်းက စိတ်ချရပြီး ပတ်ဒရိုကလည်း Super Sub အဖြစ် သုံးလို့ရနေတယ်။ လာဇီယို အမှတ်ရလိမ့်မယ်။
အေစီမီလန် - ဗီရိုနာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၆ ရက် နံနက် ၂:၁၅ နာရီ)
အေစီမီလန်အသင်းက ဗီရိုနာအသင်းနဲ့ နောက်ဆုံးတွေ့ ဆုံမှု (၇)ပွဲစလုံး အနိုင်ရထားတယ်။ ကြားရက်မှာ ဖီယင်နုနဲ့ ချန်ပီယံလိဂ် အဝေးကွင်းပွဲကျပ် ကစားထားရတာကိုတော့ သတိပြုရမှာပါ။ ဗီရိုနာက ရလဒ်ပိုင်းမဆိုးပေမဲ့ စီးရီးအေထိပ်သီးအသင်းတွေနဲ့ တွေ့ဆုံမှုတွေမှာ တောင့်မခံနိုင်ခဲ့ဘဲ ဂိုးပြတ်ခြေပြတ် အရေးနိမ့်ခဲ့တာ တွေ့ရတယ်။ အေစီမီလန်အသင်းကိုပဲ ရွေးချယ်ချင်တယ်။