Eleven Media Group

■ ဘွန်ဒစ်လီဂါပွဲစဉ် (၂၂) ပွဲကြိုသုံးသပ်ချက်

စတုဂတ် - ဝုလ်ဖ်ဘတ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၅ ရက် ည ၉:၀၀ နာရီ)
ဝုလ်ဖ်ဘတ်အသင်း အမှတ်ပေးပွဲ လေးပွဲဆက် နိုင်ပွဲပျောက်ခဲ့ပေမဲ့ သုံးပွဲမှာ အမှတ်ပေးဇယားထိပ်ဆုံး(၃)သင်းနဲ့ ကစားရတာကို သတိပြုရမယ်။ စတုဂတ်အသင်းကတော့ နောက်ဆုံးပွဲမှာ ဒေါ့မွန်အသင်းကို အဝေးကွင်းမှာ အနိုင်ကစားခဲ့တယ်။ စတုဂတ်က အမှတ်ပေးဇယားရပ်တည်မှု ပိုမြင့်တဲ့ အသင်းဖြစ်ပေမဲ့ ဝုလ်ဖ်ဘတ်က အသင်းလိုက် ပိုတည်ငြိမ်မှု ရှိတယ်။ ဝုလ်ဖ်ဘတ်ကို ကြိုက်တယ်။


အူန်ယွန်းဘာလင် - မိုချန်ဂလာဘတ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၅ ရက် ည ၉:၀၀ နာရီ)
အူန်ယွန်းဘာလင်အသင်း နောက်ပိုင်းမှာ ရလဒ်ကောင်းလာတာ တွေ့ရတယ်။ ဒါပေမဲ့ မိုချန်ဂလာဘတ် ဒီပွဲလည်း အမှတ်ရဦးမယ်။


ဘိုဟုမ် - ဒေါ့မွန် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၅ ရက် ည ၉:၀၀ နာရီ)
ဒေါ့မွန်အသင်းက နည်းပြသစ် နီကိုကိုဗက်ရဲ့ဘွန်ဒစ်လီဂါ ပွဲဦးထွက်မှာ အရှုံးနဲ့ စတင်ခဲ့ရတယ်။ တစ်ဖက်မှာ ချန်ပီယံလိဂ်လည်း ဖိအားမရှိတော့လို့ ဒေါ့မွန် ပိုပြီးအာရုံစိုက်နိုင်တယ်။ ဒေါ့မွန် အနိုင်ရဖို့များတယ်။


ဆန့်ပေါ်လီ - ဖရိုင်းဘတ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၅ ရက် ည ၉:၀၀ နာရီ)
ဖရိုင်းဘတ်အသင်း (၃)ပွဲဆက်တိုက် အရေးနိမ့်ခဲ့ပြီးမှ (၂)ပွဲဆက် နိုင်ပွဲပြန်ရခဲ့တယ်။ ဖရိုင်းဘတ် အနိုင်နဲ့ သရေ ကစားလိမ့်မယ်။


လေဗာကူဆင် - ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၅ ရက် ည ၁၂:၀၀ နာရီ)
လေဗာကူဆင်နဲ့ ဘိုင်ယန်မြူးနစ် ထိပ်တိုက်တွေ့ဆုံမှုက ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပေးမယ့်ပွဲဖြစ်တယ်။ အထူးသဖြင့် ဘိုင်ယန်အဖို့ ချန်ပီယံဆု တစ်ကျော့ပြန်သိမ်းပိုက်ဖို့ အဓိကအဖြေပေးမယ့်အနေအထားဖြစ်ပြီး လေဗာကူဆင်ကတော့ နိုင်ပွဲရမှ ချန်ပီယံမျှော်လင့်ချက် ဆက်ရှင်သန်နိုင်ပါလိမ့်မယ်။ လတ်တလောမှာတော့ နှစ်သင်းစလုံး ရလဒ်တွေကောင်းနေပြီး နောက်ဆုံးနှစ်ရာသီအတွင်းမှာတော့ လေဗာကူဆင်အသင်း ဘိုင်ယန်နဲ့တွေ့ဆုံမှုတွေမှာ ရှုံးပွဲမရှိတာ တွေ့ရတယ်။ ဘိုင်ယန်အသင်း တစ်ဖက်မှာလည်း ချန်ပီယံလိဂ်ပွဲရှိနေလို့ အနိုင်တော့ မရလောက်ဘူး။

မူရင်းသတင်း — Eleven Media Group