
မာဆေးလ် - စိန့်အက်တီယန် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၅ ရက် ည ၁၀:၃၀ နာရီ)
စိန့်အက်တီယန်က ဒီရာသီမှာ အဝေးကွင်းနိုင်ပွဲမရှိသေးသလို နောက်ဆုံး (၅) ပွဲဆက် နိုင်ပွဲဆက်နိုင်ပွဲပျောက်ထားတယ်။ ဒီခြေစွမ်းနဲ့ မာဆေးလ်ကို တားဆီးနိုင်ဖို့ မဖြစ်နိုင်ဘူး။ အိမ်ကွင်း ခြေပိုစွာတဲ့ မာဆေးလ်နဲ့ ဂိုးအများပဲ ရွေးထားရမယ်။
မိုနာကို - နန့်စ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၆ ရက် နံနက် ၀၀:၃၀ နာရီ)
မိုနာကိုအနေနဲ့ ချန်ပီယံလိဂ်ရှုံးထွက် Play-offs (၂) ပွဲ ကြားမှာ ကစားရမှာဖြစ်လို့ အာရုံများနေနိုင်တယ်။ တန်းဆင်းဇုန် အန္တရာယ်ကြောင့် နန့်စ် ရုန်းကန်နေတာကိုလည်း တွေ့ရတယ်။ မိုနာကို နိုင်ရင်တောင် ဂိုးမပြတ်နိုင်ဘူး။
တူးလူး - PSG (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၆ ရက် နံနက် ၂:၃၅ နာရီ)
တူးလူးက လီဂူးပြိုင်ပွဲမှာ နောက်ဆုံး (၅) ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးထားပြီး ရုန်းကန်နေရတယ်။ PSG က ဒီပွဲမတိုင်ခင် ဘရက်စ်နဲ့ ချန်ပီယံလိဂ်ရှုံးထွက် Play-offs ပွဲ ကစားခဲ့ရပေမဲ့ (၃-ဝ) ဂိုးနဲ့ အနိုင်ရခဲ့လို့ စိတ်အားတက်ကြွနေသလို ရှုံးထွက် (၁၆) သင်းအဆင့်ကို တက်ဖို့လည်း သေချာသလောက် ဖြစ်သွားတယ်။ PSG အသင်းအနေနဲ့ ဒီရာသီ လီဂူး ပြိုင်ပွဲမှာ ရှုံးပွဲမရှိသေးတာကြောင့် ချန်ပီယံဆုကို ရှုံးပွဲမရှိစံချိန် နဲ့ ရယူဖို့ ဆန္ဒပြင်းပြနေမှာလည်း သေချာတယ်။ အိမ်ကွင်းအား သာချက်ရှိပေမဲ့ တူးလူးအနေနဲ့ PSG ကို တားဖို့ မဖြစ်နိုင်ဘူး။ PSG အသင်း ဂိုးပြတ်နိုင်ဦးမှာပါ။