
ဖီအိုရင်တီးနား - ကိုမို (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၆ ရက် ည ၆:၀၀ နာရီ)
ကိုမိုအသင်း နောက်ဆုံး(၆)ပွဲမှာ (၁)ပွဲပဲ အနိုင်ရခဲ့ပေမဲ့ ပွဲကျပ်ကာလကို ဖြတ်သန်းနေရတာ သတိပြုရမယ်။ ဘိုလော့ဂ်နာကို တစ်ယောက်လျော့နဲ့ ဂိုးပြတ်ရှုံးခဲ့တာကလွဲပြီး ထိပ်သီးအသင်းတွေကိုတောင် ဂိုးပြတ်မရှုံးခဲ့ဘူး။ အိမ်ကွင်းနိုင်ပွဲပြန်ဆက်လာတဲ့ ဖီအိုရင်တီးနားကိုပဲ ရွေးချယ်တာပိုကောင်းမယ်။
မွန်ဇာ - လက်ချီ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၆ ရက် ည ၈:၃၀ နာရီ)
မွန်ဇာအသင်းက နက်စတာကို ရာထူးက ထုတ်ပယ်ခဲ့ပြီးမှ ခုနစ်ပတ်အကြာမှာ ပြန်လည်တာဝန်ပေးခဲ့တယ်။ အသင်းက ဘာမှထူးထူးခြားခြားတော့ ပြောင်းလဲလာမှာမဟုတ်ဘူး။ ဒါပေမဲ့ အိမ်ကွင်းဖြစ်လို့ မွန်ဇာပဲ ကြိုက်တယ်။
အူဒီးနီးစ် - အမ်ပိုလီ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၆ ရက် ည ၈:၃၀ နာရီ)
အမ်ပိုလီအသင်း နောက်ဆုံးကစားထားတဲ့ စီးရီးအေ (၉) ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီး (၇)ပွဲအထိ အရေးနိမ့်ထားခဲ့တယ်။ နာပိုလီတောင် သရေကစားထားတဲ့ အူဒီးနီးစ်အသင်း နိုင်ဖို့များတယ်။
ပါးမား - ရိုးမား (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၆ ရက် ည ၁၁:၃၀ နာရီ)
နည်းပြ ရာနီရေးရီလက်ထက် ရိုးမားအသင်း တိုးတက်မှု များစွာရှိလာခဲ့တယ်။ ကြားရက်တွေမှာ ပေါ်တိုနဲ့ ယူရိုပါလိဂ်ပွဲကျပ် ရှိနေတာကလွဲပြီး ကျန်တာတော့ ဖိအားမရှိပါဘူး။ ပါးမားက နောက်ပိုင်း ရလဒ်တွေ ပိုကျဆင်းလာတယ်။ ရိုးမားအသင်းပဲ အနိုင်ရဖို့များတယ်။
ဂျူဗင်တပ်စ် - အင်တာမီလန် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၇ ရက် နံနက် ၂:၁၅ နာရီ)
ဂျူဗင်တပ်စ်အသင်းက PSG ကနေ အငှားရောက်လာတဲ့ မူအာနီရဲ့သွင်းဂိုးတွေနဲ့အတူ စီးရီးအေမှာ နိုင်ပွဲဆက်နေတယ်။ ဒါပေမဲ့ ဒီပွဲပြီးရင် PSV နဲ့ ချန်ပီယံလိဂ်ပွဲ ကစားရဖို့ရှိလို့ အင်တာထက် ပွဲပိုပန်းပြီး အာရုံများနေနိုင်တာကိုတော့ ထည့်တွက်ရမယ်။ အင်တာကတော့ စီးရီးအေပွဲကျပ်ကာလကို ဖြတ်သန်းနေရပြီး ရလဒ်ပိုင်းအရတော့ သိပ်အားရစရာမရှိဘူး။ အင်တာတိုက်စစ်က လော်တာရိုမာတီနက်ဇ်၊ မားကပ်စ်သူရမ်တို့ကလည်း သုံးပွဲဆက်တိုက် ဂိုးပေါက်ပျောက်ထားတယ်။ ဂျူဗင်တပ်စ် အမှတ်ရဦးမယ်။