Eleven Media Group

■ ဘွန်ဒစ်လီဂါပွဲစဉ် (၂၂) ပွဲကြိုသုံးသပ်ချက်

၀ါဒါဘရီမင် - ဟော်ဖန်ဟင်မ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၆ ရက် ည ၉:၀၀ နာရီ)
ဝါဒါဘရီမင်အသင်း အိမ်ကွင်းနောက်ဆုံး(၇)ပွဲမှာ (၁)ပွဲပဲ အရေးနိမ့်ခဲ့တယ်။ ဟော်ဖန်ဟင်မ် ရှုံးပွဲဆက်နေပေမဲ့ ဒီပွဲတော့ အမှတ်ပြန်ရမယ်ထင်တယ်။


ဖရန့်ဖတ် - ဟော်စတိုင်ကီလ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၆ ရက် ည ၁၁:၀၀ နာရီ)
ဖရန့်ဖတ်အသင်း သုံးပွဲဆက် သရေကျခဲ့လို့ ထိပ်ဆုံးက နှစ်သင်းနဲ့ အမှတ်ကွာသွားခဲ့တယ်။ ဒီပွဲတော့ ဖရန့်ဖတ် နိုင်ပွဲပြန်ရှာမှာဖြစ်ပြီး ဂိုးလည်းပြတ်နိုင်တယ်။


ဟိုင်ဟိုင်း - မိန့်ဇ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၇ ရက် နံနက် ၁:၀၀ နာရီ)
မိန့်ဇ်အသင်း ရလဒ်တွေ ပြန်ကျလာပြီး နောက်ဆုံးကစားခဲ့တဲ့ အဝေးကွင်း(၅)ပွဲမှာ (၄)ပွဲအထိ ရှုံးနိမ့်ခဲ့တယ်။ ဟိုင်းဟိုင်အသင်း အမှတ်ရလိမ့်မယ်။

မူရင်းသတင်း — Eleven Media Group