Eleven Media Group

■ ပြင်သစ်လီဂူးပွဲစဉ် (၂၂) ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

မောင့်ပယ်လီယာ - လိုင်ယွန် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၆ ရက် ည ၈:၃၀ နာရီ)
လီဂူးမှာ (၄) ပွဲဆက် နိုင်ပွဲပျောက်မှုကို ပြီးခဲ့တဲ့ Reims နဲ့ ပွဲမှာ ဂိုးပြတ်အနိုင်ယူပြီး လိုင်ယွန် အဆုံးသတ်ခဲ့တယ်။ မောင့်ပယ်လီယာက ဇယားအောက်ဆုံးက ရုန်းထွက်ဖို့ ကြိုးပမ်းနေပေမဲ့ လိုင်ယွန်ကို တားနိုင်ဖို့ မရှိပါဘူး။ လိုင်ယွန် နိုင်ပွဲဆက်ပါလိမ့်မယ်။


လန်းစ် - စထရာဘိုး (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၆ ရက် ည ၁၀:၄၅ နာရီ)
နှစ်သင်းစလုံး ခြေစွမ်းကောင်းနေပြီး အမှတ်ပေးဇယားမှာ အဆင့် (၇) နဲ့ အဆင့် (၈) နေရာတွေမှာ ရပ်တည်နေကြတယ်။ နှစ်သင်းစလုံး ခံစစ်ကို သတိပြုပြီး ကစားတတ်တဲ့ အသင်းတွေ ဖြစ်လို့ ဂိုးနည်းနိုင်ပြီး အနိုင်ဆိုရင်တော့ လန်းစ်ကို ကြိုက်တယ်။


Reims - အန်ဂါစ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၆ ရက် ည ၁၀:၄၅ နာရီ)
Reims ရော အန်ဂါစ်ပါ တန်းဆင်းဇုန်အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်။ ဒီလိုပွဲမျိုးမှာ လီဂူး (၁၀) ပွဲဆက် နိုင်ပွဲပျောက်မှုကို အဆုံးသတ်ဖို့ကြိုးစားမယ့် အိမ်ရှင် Reims ကို ရွေးချင်တယ်။


လူအယ်ဗာ - နိုက်စ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၆ ရက် ည ၁၀:၄၅ နာရီ)
လူအယ်ဗာတို့ တန်းဆင်းဇုန်က ရုန်းထွက်ဖို့ ကြိုးစားနေပေမဲ့ လီဂူးအိမ်ကွင်း (၅) ပွဲဆက် နိုင်ပွဲပျောက်ထားတယ်။ အဝေးကွင်း ဖြစ်ပေမဲ့ နိုင်ပွဲဆက်ဖို့ ကြိုးစားလာမယ့် နိုက်စ်ကို ကြိုက်တယ်။


ရန်းစ် - လိုင်လီ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၇ ရက် နံနက် ၂:၁၅ နာရီ)
ရန်းစ်က နောက်ဆုံး (၂)ပွဲဆက် အနိုင်ရခဲ့သလို ခြေစွမ်းလည်း တက်လာတယ်။ အဝေးကွင်း (၅) ပွဲဆက် နို်င်ပွဲပျောက်ထားတဲ့ လိုင်လီတို့ ဒီပွဲမှာလည်း ရန်းစ်ကို အရှုံးပေးရဦးမှာပါ။

မူရင်းသတင်း — Eleven Media Group