
လီဗာပူးလ် - ဝုလ်ဗ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၆ ရက် ည ၈:၃၀ နာရီ)
လီဗာပူးလ်အတွက် အရမ်းခက်ခဲစရာမရှိတဲ့ပွဲပါ။ FA ဖလားပြိုင်ပွဲမှာ ပလိုင်းမောက်ကို မထင်မှတ်ဘဲ ရှုံးနိမ့်ပြီး ပြိုင်ပွဲကထွက်ခဲ့ရတာ၊ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲတုန်းက ရှုံးပွဲတွေ့တာမျိုးတွေကို ဒီဘက်တစ်လလောက်အတွင်းမှာ မြင်လာရပေမဲ့ အခြားတစ်ဖက်မှာ ပရီးမီးယားလိဂ်ကို ခြေမချော်ဘဲ သွားနေတယ်။ ကစားပုံလည်းကောင်းနေဆဲဆိုတာ တွေ့ရတယ်။ ဝုလ်ဗ်အတွက် ယှဉ်ကစားဖို့ ခက်ပါတယ်။ လီဗာပူးလ် ဂိုးပြတ်သွင်းမယ်။
စပါး - မန်ယူ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၆ ရက် ည ၁၁:၀၀ နာရီ)
စပါးက မန်ယူနိုက်တက်ကို ပြီးခဲ့တဲ့ ရာသီတုန်းက အိမ်ကွင်းမှာ အနိုင်ကစားပြီး၊ အဝေးကွင်းမှာ သရေတစ်မှတ်ယူခဲ့သလို ဒီရာသီ ပထမအကျော့မှာလည်း အိုးလ်ထရက်ဖို့ဒ်မှာ အနိုင်ယူထားတယ်။ စပါးက မန်ယူနိုက်တက်နဲ့ပွဲတွေမှာ ပုံစံကောင်း ပြလေ့ရှိတာကို တွေ့ရတယ်။ စပါးရဲ့ ခံစစ်မှာ ကစားသမားသစ် ဒန်ဆိုက ချက်ချင်းအသုံးပြုနေပြီး အကောင်းဆုံးပုံစံမဟုတ်သေးပေမဲ့ အားကောင်းကောင်းနဲ့ ပုံစံကောင်းပြနေတာတွေ့ရတယ်။ တိုက်စစ်ပိုင်းလည်း အတိုင်းအတာတစ်ခုအထိ ထက်မြက်ပါတယ်။ စပါးရဲ့ ရလဒ်တွေက တော်တော်လေးဆိုးနေတာ မှန်ပေမဲ့ ကစားပုံအရဆိုရင် မန်ယူနိုက်တက်အသင်းထက် ပိုကောင်းနေတာ တွေ့ရတယ်။ အာမိုရင်မ်ရဲ့ ယူနိုက်တက်က ခံစစ်ပိုင်း၊ ကွင်းလယ်ပိုင်း၊ တိုက်စစ်ပိုင်းတွေမှာ တိုးတက်ဖို့ လိုနေပါသေးတယ်။ စပါးကို ကြိုက်တယ်။