Eleven Media Group

■ လာလီဂါပွဲစဉ် (၂၄) ပွဲကြိုသုံးသပ်ချက်

အက်စ်ပန်ညို - ဘီလ်ဘာအို (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၆ ရက် ည ၇:၃၀ နာရီ)
အက်စ်ပန်ညိုရဲ့ အိမ်ကွင်းအားက ဘီလ်ဘာအိုကို အခက်တွေ့စေလိမ့်မယ်။ ရီးယဲလ်ကိုတောင် အိမ်ကွင်းမှာ အနိုင်ကစားခဲ့တဲ့ အက်စ်ပန်ညိုအနေနဲ့ ဘီလ်ဘာအိုကို ဖိအားပေးဖို့ မခက်လောက်ဘူး။ ဘီလ်ဘာအိုရဲ့ အဝေးကွင်းခံစစ်ကစားပုံ သိပ်မချရလို့ အက်စ်ပန်ညိုကိုပဲ ရွေးထားလိုက်တယ်။


ဗယ်လာဒိုလစ် - ဆီဗီလာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၆ ရက် ည ၉:၄၅ နာရီ)
အိမ်ကွင်းအားကိုပဲ အားကိုးကစားနေပေမဲ့ ခုနောက်ပိုင်း တိုက်စစ်က ဂိုးပေါက်ပျောက်နေပုံနဲ့တော့ ဗယ်လာဒိုလစ် ခုပွဲလည်း ခက်ခဲဦးမှာပဲ။ ဆီဗီလာက ခြေစွမ်းမငြိမ်လှပေမဲ့ အမှတ်ရအောင် ကြိုးစားနေတာ တွေ့ရတယ်။ အစဉ်အလာအရ ဆီဗီလာကို ရွေးထားရမယ့်ပွဲဖြစ်ပြီး ဂိုးနည်းလိမ့်မယ်။


မာယော့ကာ - လက်စ်ပါမားစ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၆ ရက် ည ၁၂:၀၀ နာရီ)
ရှုံးပွဲဆက်နေမှုကို အဆုံးသတ်ဖို့ အိမ်ကွင်းမှာ မာယော့ကာ အားထုတ်လာနိုင်တယ်။ လက်စ်ပါမားစ်ကလည်း မာယော့ကာလိုပဲ နိုင်ပွဲတွေနဲ့ ဝေးနေတာ ကြာပါပြီ။ နိုင်ပွဲပြန်ရှာမယ့် နှစ်သင်းအတွေ့မှာ အိမ်ရှင်က ပိုအားသာလို့ မာယော့ကာနဲ့ ဂိုးအများပဲ ရွေးထားလိုက်တယ်။


ဘက်တစ် - ဆိုစီဒက် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၇ ရက် နံနက် ၂:၃၀ နာရီ)
နှစ်သင်းစလုံးက ဥရောပပြိုင်ပွဲတွေနဲ့ အာရုံများနေချိန်ဖြစ်လို့ ပြည်တွင်းဘက်မှာ ထိန်းကစားသွားကြဖို့ပဲ များပါလိမ့်မယ်။ အထူးသဖြင့် ပွဲဆက်တွေများနေတဲ့ ဆိုစီဒက်အသင်းကို ပိုပြီးသတိထားရလိမ့်မယ်။ ပြီးတော့ လက်ရှိမှာ နှစ်သင်းစလုံးရဲ့ ခြေစွမ်းကလည်း အားရစရာ သိပ်မရှိလှဘူး။ ဒီလိုပွဲမျိုးမှာ အိမ်ကွင်း အားသာချက်တဲ့ အသင်းက ပိုသာတယ်။ ဒါကြောင့် အိမ်ကွင်း ပိုမာတဲ့ ဘက်တစ်ကို ပိုကြိုက်နေမိတယ်။ ဂိုးနည်းမယ်။

မူရင်းသတင်း — Eleven Media Group