Eleven Media Group

တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရသည့် အာဆင်နယ်အသင်းတိုက်စစ်ကစားသမား ဆာကာ အပေါ့စား လေ့ကျင့်ခန်းများ ပြုလုပ်နေ

Photo: Leadership News

တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရသည့် အာဆင်နယ်အသင်းတိုက်စစ်ကစားသမား ဆာကာ သည် အပေါ့စားလေ့ကျင့်ခန်း ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

ဆာကာ (၂၃ နှစ်)သည် ဒီဇင်ဘာလကုန်ပိုင်းတွင် တံကောက်ကြောဒဏ်ရာ ရရှိခဲ့ပြီး ခွဲစိတ်ကုသမှုခံယူခဲ့ရကြောင်း သိရှိရသည်။

ယခုအခါ ဆာကာအနေဖြင့် ဒဏ်ရာမှ ပြန်လည်သက်သာလာပြီး အသင်းနှင့်ပူးပေါင်းကာ အပေါ့စား လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

ဆာကာ ပြန်ကစားမည့်ရက်ကို မသိရသေးသော်လည်း မတ်လဆန်းပိုင်းတွင်ပြန်ကစားဖွယ်ရှိကြောင်း သိရသည်။

အာဆင်နယ်အသင်းတွင် မာတင်နယ်လီ၊ ဆာကာ၊ ဂျေးဇူး၊ ဟာဗက်ဇ် စသည့်တိုက်စစ်ကစားသမားများမှာလည်း ဒဏ်ရာကြောင့်အနားယူနေရလျှက်ရှိသည်။

အာဆင်နယ်အသင်းသည် ယနေ့ည မြန်မာစံတော်ချိန် ရးဝ၀ နာရီတွင် လက်စတာအသင်းနှင့် အဝေးကွင်းယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

မူရင်းသတင်း — Eleven Media Group