
"ဒါက တကယ်ကို တုန်လှုပ်စရာ ကောင်းပါတယ်။ ဒါက ကျွန်တော်တို့ မြင်နေရတဲ့ ကွင်းအတွင်းနဲ့ Online ပေါ်မှာ စော်ကားမှုတွေထဲက ဥပမာတစ်ခုပါပဲ။ အပတ်စဉ်တိုင်း ကျွန်တော်တို့ဆီကို စော်ကားခံရမှုနဲ့ပတ်သက်တဲ့ တိုင်ကြားစာတွေကို တွေ့နေရပါတယ်"လို့ Kick It Out (KIO) အမှုဆောင်အရာရှိချုပ် အိုကာဖိုက ပြောတယ်။ နယူးကာဆယ်အသင်းက သူတို့ကွင်းလယ်ကစားသမား ဝဲလက်ခ် Instagram မှာ စော်ကားခံရပြီးနောက် လူမှုကွန်ရက်ကုမ္ပဏီတွေကို တစ်ခုခုလုပ်ဖို့ တိုက်တွန်းခဲ့တယ်။ တန်ဝါ့သ်တိုက်စစ်မှူး ခရစ္စဝက်ချ်ကလည်း ဇန်နဝါရီလက Online မှာ လူမျိုးရေးခွဲခြားစော်ကားခံခဲ့ရတယ်။ အိုကာဖိုကတော့ Online လုံခြုံရေးစည်းမျဉ်းသစ်တွေက လူမျိုးရေးခွဲခြားမှု၊ အသားအရောင်ခွဲခြားမှုနဲ့ စော်ကားမှုတွေကို တားဆီးနိုင်ဖို့ မျှော်လင့်နေပါတယ်။ ဘောလုံးမှာ တရားမျှတရေး၊ ကွဲပြားခြားနားမှုကို လက်ခံရေးနဲ့ တန်းတူအခွင့်အရေးရရေးအတွက် ဆောင်ရွက်နေတဲ့ Football Governance Bill ကတော့ လာမယ့်လအနည်းငယ်အတွင်းမှာ စည်းမျဉ်းသစ် ထုတ်နိုင်ဖို့ မျှော်လင့်နေတယ်။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) က ပြီးခဲ့တဲ့နွေက ကလပ်အသင်းတွေကို ဘောလုံးပွဲတွေမှာ ပွင့်လင်းမြင်သာမှု ရှိအောင် လုပ်ဆောင်ဖို့ ညွှန်ကြားခဲ့တယ်လို့ သိရတယ်။ အိုကာဖိုက "တကယ်လို့ ဘောလုံးလောက အနေနဲ့ အခုအခိုက်အတန့်မှာ ကောင်းကောင်းအသုံးချမယ်ဆိုရင် ခွဲခြားမှုတွေ၊ စော်ကားမှုတွေကို ပြောင်းလဲနိုင်ပါတယ်။ လူတွေ ပူးပေါင်းပါဝင်နိုင်ဖို့ လုပ်ဆောင်နိုင်တဲ့ အရာတွေကို လုပ်ဆောင်ဖို့အတွက် အခုအချိန်မှာ တကယ့်အခွင့်အရေးလည်း ဖြစ်ပါတယ်"လို့ ဆိုခဲ့တယ်။
အင်္ဂလိပ်ဘောလုံးလောကမှာ စော်ကားမှုတွေ၊ ဆဲရေးတိုင်းတာမှုတွေက စိုးရိမ်ရေမှတ်ကို ရောက်လာပြီလို့ လူမျိုးရေးခွဲခြားမှုအဖွဲ့အစည်း Kick It Out ဥက္ကဋ္ဌက ပြောတယ်။ အဲဒီစကားက အမျိုးသမီးစူပါလိဂ်ပွဲစဉ်မှာ မန်စီးတီးအမျိုးသမီး ကစားသမား ခါဒီဂျာရှောခ် လူမျိုးရေးခွဲခြားခံရပြီးနောက် ထွက်ပေါ်လာတာပါ။ ရှောခ်က ရှင်းတယ်။ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ မန်စီးတီးရဲ့ လိဂ်ဖလားဆီမီးဖိုင်နယ်ပွဲမှာ မကစားဘဲ နုတ်ထွက်ခဲ့တယ်။ ရှောခ်က သူ့ရဲ့ စိတ်ကျန်းမာရေးကို ကာကွယ်ခဲ့တာ ကာကွယ်တဲ့အနေနဲ့ အခုလိုလုပ်ခဲ့တာ ဖြစ်ပြီး "ရွံစရာကောင်းတဲ့ ဆက်ဆံမှု"လို့ ပြောဆိုခဲ့ပါတယ်။ "ဒါက တကယ်ကို တုန်လှုပ်စရာ ကောင်းပါတယ်။ ဒါက ကျွန်တော်တို့ မြင်နေရတဲ့ ကွင်းအတွင်းနဲ့ Online ပေါ်မှာ စော်ကားမှုတွေထဲက ဥပမာတစ်ခုပါပဲ။ အပတ်စဉ်တိုင်း ကျွန်တော်တို့ဆီကို စော်ကားခံရမှုနဲ့ပတ်သက်တဲ့ တိုင်ကြားစာတွေကို တွေ့နေရပါတယ်"လို့ Kick It Out (KIO) အမှုဆောင်အရာရှိချုပ် အိုကာဖိုက ပြောတယ်။
နယူးကာဆယ်အသင်းက သူတို့ကွင်းလယ်ကစားသမား ဝဲလက်ခ် Instagram မှာ စော်ကားခံရပြီးနောက် လူမှုကွန်ရက်ကုမ္ပဏီတွေကို တစ်ခုခုလုပ်ဖို့ တိုက်တွန်းခဲ့တယ်။ တန်ဝါ့သ်တိုက်စစ်မှူး ခရစ္စဝက်ချ်ကလည်း ဇန်နဝါရီလက Online မှာ လူမျိုးရေးခွဲခြားစော်ကားခံခဲ့ရတယ်။ အိုကာဖိုကတော့ Online လုံခြုံရေးစည်းမျဉ်းသစ်တွေက လူမျိုးရေးခွဲခြားမှု၊ အသားအရောင်ခွဲခြားမှုနဲ့ စော်ကားမှုတွေကို တားဆီးနိုင်ဖို့ မျှော်လင့်နေပါတယ်။ ဘောလုံးမှာ တရားမျှတရေး၊ ကွဲပြားခြားနားမှုကို လက်ခံရေးနဲ့ တန်းတူအခွင့်အရေးရရေးအတွက် ဆောင်ရွက်နေတဲ့ Football Governance Bill ကတော့ လာမယ့်လအနည်းငယ်အတွင်းမှာ စည်းမျဉ်းသစ် ထုတ်နိုင်ဖို့ မျှော်လင့်နေတယ်။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) က ပြီးခဲ့တဲ့နွေက ကလပ်အသင်းတွေကို ဘောလုံးပွဲတွေမှာ ပွင့်လင်းမြင်သာမှု ရှိအောင် လုပ်ဆောင်ဖို့ ညွှန်ကြားခဲ့တယ်လို့ သိရတယ်။ အိုကာဖိုက "တကယ်လို့ ဘောလုံးလောက အနေနဲ့ အခုအခိုက်အတန့်မှာ ကောင်းကောင်းအသုံးချမယ်ဆိုရင် ခွဲခြားမှုတွေ၊ စော်ကားမှုတွေကို ပြောင်းလဲနိုင်ပါတယ်။ လူတွေ ပူးပေါင်းပါဝင်နိုင်ဖို့ လုပ်ဆောင်နိုင်တဲ့ အရာတွေကို လုပ်ဆောင်ဖို့အတွက် အခုအချိန်မှာ တကယ့်အခွင့်အရေးလည်း ဖြစ်ပါတယ်"လို့ ဆိုခဲ့တယ်။
ဆိုးရွားလာတဲ့ Abuse
Abuse ကို အလွဲသုံးစားပြုသည်။ စော်ကားသည်။ နှိပ်စက်ညှင်းပန်းသည်။ မတရားကျင့်သည်။ မဟားတရာပြုသည်။ ဆဲရေးတိုင်းတွာသည်ဆိုပြီး မြန်မာလို အဓိပ္ပာယ်ဖွင့်တယ်။ KIO က ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီမှာ လိင်ပိုင်းဆိုင်ရာခွဲခြားမှု၊ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံမှု၊ ခွဲခြားမှုတွေ စံချိန်တင် မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ရာသီက အင်္ဂလိပ်ဘောလုံးလောကမှာ စော်ကားခံရမှု၊ ခွဲခြားခံရမှုတွေနဲ့ ပတ်သက်ပြီး တိုင်ကြားမှု (၁၃၃၂) ကြိမ် ရှိခဲ့တာပါ။ အဲဒီပမာဏက ၂၀၂၂ -၂၃ ရာသီနဲ့ ယှဉ်ရင် (၃၂) ရာခိုင်နှုန်းအထိတက်လာခဲ့တာလည်း ဖြစ်တယ်။ ခွဲခြားမှုတွေမှာ လူမျိုးရေးခွဲခြားမှုက အများဆုံးဖြစ်ပြီး (၄၇) ရာခိုင်နှုန်းအထိ မြင့်တက်လာတာပါ။ "သူတို့က ဘောလုံးသမားတွေဖြစ်ပေမဲ့ သူတို့က လူသားတွေပါပဲ။ သူတို့ကို မျက်နှာချင်းဆိုင် ခွဲခြားစော်ကားမယ်ဆိုရင် ဒါက တကယ်ကိုလက်ခံနိုင်စရာမရှိပါဘူး။ ကွင်းအတွင်း ဘောလုံးပွဲလာကြည့်ကြတဲ့ အမျိုးသမီးပရိသတ်တွေကို (၁၅၀၀) ကို သုတေသနလုပ်ကြည့်တဲ့အခါ (၄) ယောက်မှာ (၁) ယောက်က စိတ်မလုံခြုံမှုတွေ ခံစားနေရတာကို တွေ့ရပါတယ်။ (၅၂) ရာခိုင်နှုန်းက သူတို့ဟာ ပွဲကြည့်စင်ပေါ်မှာ လိင်ပိုင်းဆိုင်ရာခွဲခြားမှုနဲ့ ရင် ဆိုင်နေရတယ်လို့ ပြောကြတယ်။ ဒီတော့ ဘောလုံးပွဲတွေမှာ လူတွေအားလုံး ပါဝင်ပတ်သက်နိုင်အောင်လုပ်ဖို့ က တော်တော်လေးကို လိုသေးတာပါ။ လူတွေက သူတို့ရဲ့ Toxic ဆန်တဲ့ အတွေးအ ခေါ်တွေ၊ ခွဲခြားမှုမှုတွေကို Online မှာ လွတ်လွတ်လပ်လပ် လုပ်လို့ရတယ်လို့ ထင်နေကြပါတယ်" လို့ အိုကာဖိုက ဆိုတယ်။
၂၀၂၃ မှာ ထုတ်ပြန်ခဲ့တဲ့ Online Safety Act က ဒီနှစ်မှာမှ အလုပ်လုပ်လာတာကို တွေ့ရတယ်။ လူမှုကွန်ရက်ကုပ္မဏီတွေက တရားမဝင်တဲ့ Content တွေကို သူတို့ရဲ့ Platform တွေကနေ မတ်လနောက်ဆုံးထားပြီး ဖယ်ရှားရမှာပါ။ အိုကာဖိုက "Online Safety Act က လူမှုကွန်ရက် ကုမ္ပဏီအနေနဲ့ သူတို့ရဲ့ အကောင့်တစ်ခုချင်းစီကို အခုထက် ပိုပြီးတင်းတင်းကြပ်ကြပ် ကိုင်တွယ်နိုင်ဖို့ မျှော်လင့်ပါတယ်။ အဲဒီအရာ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ဘောလုံးလောကမှာ ပရိသတ်တွေရဲ့ Abuse တွေက သက်ရောက်မှုကြီးတယ် ဆိုတာကို အားလုံးသိပြီးသားဖြစ်လို့ပါ။ ဒါက အဲဒီလို Abuse တွေကို တားဆီးဖို့ တကယ့်အခွင့်အရေးဖြစ်ပြီး Game Changer လည်း ဖြစ်ပါတယ်" လို့ ဆိုတယ်။ Tech Giant ဖြစ်တဲ့ Meta ကတော့ Online Hate Speech တွေကို ဖယ်ရှားပစ်ဖို့အတွက် သူတို့ရဲ့ နာမည်ကျော်လူမှုကွန်ရက်တွေဖြစ်တဲ့ Facebook နဲ့ Instagram တို့မှာ အသုံးပြုခဲ့တဲ့ Independent Fact Checkers ကို ဖယ်ရှားလိုက်ပြီလို့ သိပ်မကြာခင်က ကြေညာခဲ့ပါတယ်။ အဲဒီကြေညာချက် ထွက်ပေါ်လာပြီးနောက်မှာတော့ အိုကာဖိုကOnline မှာ Hate Speech တွေ၊ ဘောလုံးသမားတွေအပေါ် လူမျိုးရေးခွဲခြားမှုတွေ၊ ဆဲဆိုမှုတွေ ပိုပြီးတော့ များလာမှာကို စိတ်ပူနေပါတယ်။ အိုကာဖိုက "Meta က Online Hate Speech တွေကို စီစစ်ဖယ်ရှားဖို့အတွက် အသုံးပြုခဲ့တဲ့ Independent Fact Checkers ကို အသုံးမပြုတော့ဘူးလို့ ကြေညာခဲ့ပါတယ်။ ဒါ က ကျွန်တော်တို့အတွက် ဒုက္ခပါပဲ။ Meta အနေနဲ့ အဲဒီ Independent Fact Checkers ကို ဖယ် လိုက်တာက ကျွန်တော်တို့ရဲ့ အလုပ်တွေကို ပိုပြီး ခက်ခဲစေပါတယ်။ ဒါကြောင့် လူမှုကွန်ရက်ကို ဖန်တီးတဲ့ ကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ App တွေကို အသုံးပြုတဲ့ ကောင်းကောင်းကိုင်တွယ်နိုင်ဖို့အတွက် ထိန်းချုပ်နိုင်ဖို့ လိုပါတယ်။ အဲဒီလို ထိန်းချုပ်နိုင်ဖို့အတွက် ပြစ်ဒဏ်တွေ ချသင့်ရင်လည်း ချမှတ်ရမှာပါ"လို့ ဆိုပါတယ်။
ရှက်စရာ အကောင်းဆုံးအသင်း
၂၀၂၀ ပြည့်နှစ်မှာ FA က အင်္ဂလိပ်ဘောလုံးပွဲတွေမှာ ခွဲခြားမှုတွေကို တားဆီးနိုင်ဖို့အတွက် Diversity Code ကို မိတ်ဆက်ခဲ့ပါတယ်။ ဒါပေ မဲ့ ကလပ်အသင်း (၅၃) သင်းကပဲ သူတို့ရဲ့ လုပ်ဆောင်မှုတွေကို တင်ပြခဲ့တာပါ။ ဒါပေမဲ့ အဲဒီကလပ်အသင်းတွေအနေနဲ့ FA က သတ်မှတ်ထားတဲ့ အချက်တွေကို စုစည်းတင်ပြနိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။ FA က ဘောလုံးလောကမှာ ခွဲခြားမှု၊ စော်ကားမှုတွေကို အသေးစိတ်သိရှိနိုင်ဖို့အတွက် အသက်အရွယ်၊ လိင်၊ လူမျိုးရေး၊ မသန်စွမ်းမှု၊ လိင်ပိုင်းဆိုင်ရာ ခံယူချက်တွေနဲ့ပတ်သက်လို့ အသင်းတွေကို အစီရင်ဖို့ ၂၀၂၀ ဇွန်မှာတောင်းဆိုခဲ့တာပါ။ ဒါပေမဲ့ FA က သူတို့ရဲ့ လုပ်ဆောင်မှုမှာ ထင်သလောက် အလုပ်မဖြစ်ဘူးလို့ ဝန်ခံခဲ့ပါတယ်။ အိုကာဖိုက "ခွဲခြားမှုတွေ၊ စော်ကားမှုတွေကို ကာကွယ်ဖို့အတွက် ကျွန်တော်တို့ တောင်းဆိုခဲ့တာ ကြာပါပြီ။ အဲဒီအရာတွေ ဖြစ်ပေါ်နေတဲ့အပေါ် ကျွန်တော်တို့ မသက်မသာ ခံစားရပါတယ်။ တခြားနယ်ပယ်တွေမှာ ဒါကို ပုံမှန်အလုပ်အနေနဲ့ လုပ်နေကြပေမဲ့ ဘောလုံးလောကမှာတော့ မလုပ်နိုင်သေးပါဘူး။ ဒီတော့ ဘောလုံးလောကအနေနဲ့ ဒီကိစ္စတွေမှာ တခြားနယ်ပယ်တွေလိုပဲ အချက်အလက်တွေကို အသေးစိတ်လုပ်နိုင်ဖို့ ကြိုးစားရမှာပါ။ အသေးစိတ်အချက်အလက်တွေကို ရရှိမှပဲ အဓိကကျတဲ့ ခြေလှမ်းတွေကို လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ကလပ်အသင်းတွေအနေနဲ့ သူတို့ရဲ့ကွန်မြူနတီတွေကို ကောင်းကောင်းဂရုစိုက်ရဲ့လားဆိုတာကို ကျွန်တော့်အနေနဲ့ တကယ်စိတ်ဝင်စားပါတယ်။ တကယ်လို့ သူတို့အနေနဲ့ ဒါကို အကောင်းဆုံးမလုပ်ဆောင်နိုင်သေးဘူးဆိုရင် သူတို့အနေနဲ့ လုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်"လို့ ဆိုခဲ့ပါတယ်။
ဆက်ပြီးတော့ အိုကာဖိုက "ကျွန်တော်တို့ ကွဲကွဲပြားပြားမြင်နိုင်တာကတော့ ဘောလုံးလောကမှာ လူမည်းနည်းပြတွေနဲ့ အာဖရိကကိုယ်စားပြုကိုယ်စားလှယ်တွေ မရှိသလောက်နည်းပါးတာကိုပါ။ ပြီးတော့ ပွဲကို ကိုင်တွယ်ကြတဲ့ ဒိုင်လူကြီးတွေနဲ့ အသင်းနည်းပြအဖွဲ့တွေမှာလည်း လူမည်းတွေ မရှိသလောက်ကို နည်းပါးတာပါ"လို့ ဆိုခဲ့တာပါ။ အိုကာဖိုကတော့ ကလပ်အသင်းတွေအနေနဲ့ ခွဲခြားမှု၊ စော်ကားမှုတွေနဲ့ ပတ်သက်လို့ ကလပ်အသင်းတွေအနေနဲ့ အသေးစိတ်အချက်အလက်တွေကို တင်ပြဖို့ ပျက်ကွက်မယ်ဆိုရင် ဒဏ်ငွေတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သတိပေးခဲ့သေးတာပါ။ "ကလပ်အသင်းတွေအနေနဲ့ အသေးစိတ်အချက်အလက်တွေကို လူသိရှင်ကြားထုတ်ပြန်ဖို့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်။ တကယ်လို့ အဲဒီလို မလုပ်ဘူးဆိုရင် အကျိုးဆက်ကို သူတို့ ခံစားရမှာပါ။ ဘောလုံးလောကမှာ အမှတ်ပေးဇယား ရှိနေပေမဲ့ အရှက်စရာအကောင်းဆုံးကလပ်အသင်းဆိုတဲ့ အမှတ်ပေးဇယားတော့ မရှိသေးပါဘူး။ လူမျိုးခွဲခြားမှုတွေ၊ အသားအရောင်ခွဲခြားမှုတွေ၊ စော်ကားမှုတွေ၊ ဆဲရေးတိုင်းတွာမှုတွေကို အမှတ် ပေးပြီး ရှက်စရာအကောင်းဆုံးကလပ်အသင်းတွေကို ကျွန်တော်တို့ ဖော်ထုတ်သင့်ပါတယ်။ ဒါမှသာ ဘောလုံးလောကမှာ Abuse ကိစ္စတွေကို အနာဂတ်မှာ ကောင်းကောင်းကိုင်တွယ်နိုင်မှာပါ"လို့ ပြောဆိုခဲ့တာပါ။