Eleven Media Group

စီးရီးအေနှင့် လာလီဂါ ပွဲကြိုသုံးသပ်ချက်

Photo: AFP

ဂျီနိုအာ နှင့် ဗင်နီဇီယာ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၁၅ နာရီ)

ဂျီနိုအာအသင်း အိမ်ကွင်းနိုင်ပွဲဆက်နေပြီး နောက်ဆုံးကစားထားတဲ့ အိမ်ကွင်း(၆)ပွဲမှာလည်း နာပိုလီတစ်သင်းတည်းကိုပဲ အရေးနိမ့်ခဲ့တယ်။ ခြေစွမ်းအရလည်း ဂျီနိုအာအသင်းပဲ အနိုင်ရလိမ့်မယ်။

ဘာစီလိုနာ နှင့် ဗယ်လက်ကာနို (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၃၀ နာရီ)

ဗယ်လက်ကာနိုဟာ ဘာစီလိုနာနဲ့ တွေ့တိုင်း အခက်တွေ့အောင် တုံ့ပြန်တတ်တဲ့ အစဉ်အလာတော့ရှိတယ်။ လက်ရှိ ဗယ်လက်ကာနိုရဲ့ ခြေစွမ်းကလည်း တည်ငြိမ်နေပြီး အဆင့် (၆) အထိ ရောက်လာနေလို့ ဘာစီလိုနာအနေနဲ့ သတိထားပြီးတော့ ရင်ဆိုင်ရလိမ့်မယ်။ နောက်ဆုံးကစားခဲ့တဲ့ အလာဗတ်စ်နဲ့ အိမ်ကွင်းပွဲမှာလည်း (၁-၀)ဂိုးနဲ့သာ ကပ်နိုင်ထားလို့ အလာဗတ်စ်ထက် ကစားပုံပိုမာကျောတဲ့ ဗယ်လက်ကာနိုကို ဘာစီလိုနာရဲ့ တိုက်စစ် ဂိုးရဖို့အတွက် ခက်ခက်ခဲခဲကစားယူရဖို့တော့ ရှိနေတယ်။ ဘာစီလိုနာအနေနဲ့ အမှတ်ပေးဇယားထိပ်ဆုံးက ရီးယဲလ်မက်ဒရစ်နဲ့ အက်သလက်တီကိုတို့ကို ကျော်တက်ဖို့ အခွင့်အရေးရှိနေလို့ ဒီပွဲကို အနိုင်ကစားဖို့တော့ များနေတယ်။ ဒါပေမဲ့ အစဉ်အလာအရ ဘာစီလိုနာအနေနဲ့ ဗယ်လက်ကာနိုကိုတော့ ဂိုးပြတ်ဖို့မရှိဘဲ ကပ်နိုင်လောက်ပဲ ဖြစ်မှာပါ။

မူရင်းသတင်း — Eleven Media Group