
နာပိုလီနည်းပြ ကွန်တီက လာဇီယိုအသင်းနှင့် သရေကျခဲ့ခြင်းအတွက် အသင်းတွင် ကစားသမားအင်အားနည်းပါးခြင်းကို အပြစ်တင်ပြောကြားခဲ့သည်။
နာပိုလီအသင်းသည် ပြီးခဲ့သည့်ဇန်နဝါရီတွင် အသင်းအဓိကကစားသမား ခါဗရာစကယ်လီယာအပါအဝင် ကစားသမား(၆)ဦးအထိ လက်လွှတ်ခဲ့ရသော်လည်း ကစားသမား (၄) ဦးသာ ပြန်လည်ခေါ်ယူနိုင်ခဲ့သည်။
အထူးသဖြင့် ခါဗရာစကယ်လီယာ၏နေရာတွင် အစားထိုးရန် ကစားသမားသစ်ခေါ်ယူနိုင်ခြင်းမရှိသည့်အတွက် နာပိုလီနည်းပြ ကွန်တီ ဒေါသပေါက်ကွဲခဲ့ကြောင်း သိရသည်။
နာပိုလီအသင်းသည် စနေနေ့က ကစားခဲ့သည့် စီးရီးအေပွဲစဉ်တွင် လာဇီယိုအသင်းကို ဦးဆောင်နိုင်ခဲ့ပြီးမှ ပွဲအပြီးတွင် (၂-၂) ဂိုးဖြင့် သရေကျခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပွဲစဉ်အပြီးတွင် ကွန်တီက ''ဒီအခြေအနေကို ကျွန်တော်တို့အနေနဲ့ ဂရုတစိုက်သုံးသပ်ဖို့ လိုပါတယ်။ ဒီပွဲမှာ လူစားဝင်ကစားခဲ့တဲ့ ဘွန်ဂရီနိုက ဒဏ်ရာကြောင့် (၂) လခွဲ အနားယူခဲ့ရတာပါ။ မက်ဇော့ခီ လူစားလဲဖို့ တောင်းဆိုပြီးနောက်မှာ ကျွန်တော်တို့ ခက်ခဲပါတယ်။ ကျွန်တော့်အတွက် အရန်ခုံမှာ ရွေးချယ်စရာ ကစားသမား မရှိခဲ့ပါဘူး''ဟု ပြောကြားခဲ့သည်။