Eleven Media Group

သွင်းဂိုးများရဲ့ ရည်ညွှန်းရာ

Photos: X

တကယ့်တိုက်စစ်မှူးတွေရော၊ တိုုက်စစ်မှူးနေရာ ကစားနိုင်တဲ့သူရော ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရတာကြောင့် အခက်ပွေနေတဲ့ အာဆင်နယ်အသင်းကို လက်စတာနဲ့ပွဲမှာ စပိန်ကွင်းလယ်ကစားသမား မယ်ရီနိုက ကယ်တင်ပေးခဲ့ပါတယ်။ မယ်ရီနိုက (၆၉)မိနစ်မှာမှ စတာလင်နေရာ လူစားဝင်ကစားပြီး အနိုင်ဂိုးနှစ်ဂိုးစလုံးကို သွင်းယူပေးခဲ့တာပါ။ ဒီဂိုးတွေအတွက် မယ်ရီနို ရင်ခုန်စိတ်လှုပ်ရှားလွန်းနေခဲ့ပါတယ်။

merino2.png

တိုက်စစ်မှူးအဖြစ် ကလေးဘဝ (၉)နှစ်အရွယ်လောက်အထိပဲ ကစားခဲ့ဖူးပြီး အခုလို ပြန်ကစားရတဲ့အပြင် နှစ်ဂိုးသွင်းပြီး အသင်းအတွက် သူရဲကောင်းဖြစ်ခဲ့တာကြောင့် မယုံနိုင်အောင်လည်း ဖြစ်နေပါတယ်။ ဒီဂိုးတွေကို ကံကောင်းလို့ သွင်းနိုင်ခဲ့တာဖြစ်ပြီး No.9 အဖြစ် အမြဲကစားရမယ်မထင် ပါဘူးလို့လည်း ဆိုပါတယ်။ ပြီးတော့ သူက ဒီသွင်းဂိုးတွေကို ဇနီးသည်အတွက် ရည်ညွှန်းပါတယ်လို့လည်း ဖွင့်ဟခဲ့ပါတယ်။ အကြောင်းကတော့ Valentine's Day မှာ ဇနီးသည်ကို အမှတ်တရလက်ဆောင်ပေးဖို့ သတိမရခဲ့တာကြောင့်ပါတဲ့။

merino4.png


''ကျွန်တော့်ရဲ့ ဇနီးကို Valentine's Day အတွက် လက်ဆောင်တစ်ခုခုပေးဖို့ မေ့လျောခဲ့ပါတယ်။ ဒါကြောင့် ဒီဂိုးတွေကို သူ့အတွက် ဗယ်လင်တိုင်းလက်ဆောင်အဖြစ် ရည်ညွှန်းပါတယ်။ ဒါကို ချောကလက်နဲ့ နှင်းဆီတွေထက် သူ သဘောကျလိမ့်မယ်လို့လည်း ကျွန်တော် ထင်ပါတယ်''လို့ မယ်ရီနိုက ဆိုပါတယ်။ မယ်ရီနိုက လိုလာလစ်ဘရယ်ဆိုတဲ့ မော်ဒယ်မလေးနဲ့ ၂၀၂၄ ဇွန်လကမှ လက်ထပ်ထားတာဖြစ်လို့ အခုလိုများ ဂိုးမသွင်းနိုင်ခဲ့ရင် ဗယ်လင်တိုင်းလက်ဆောင်ပေးဖို့ မေ့လျော့ခဲ့ခြင်းအတွက် ဖြေရှင်းချက်ပေးဖို့ တော်တော်ခက်သွားနိုင်ပါတယ်။

မူရင်းသတင်း — Eleven Media Group