Myanmar Transparency News

ပဲခူးတိုင်းက လက်နက်မဲ့ရာအိမ်မှုးကို PDF သုံးဖွဲ့ပေါင်း သတ်ဖြတ်

၉. ၃. ၂၀၂၅
Written by Nay Moe

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှ လက်နက်မဲ့ရာအိမ်မှုးကို PDF သုံးဖွဲ့ပေါင်းကာ သတ်ဖြတ်လိုက်သည်ဟု ကျူးလွန်သည့် သာယာဝတီ PDF များက ယနေ့ဝန်ခံသည်။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ထန်းပင်ကုန်းအုပ်စု၊ နတ်ထမင်းကျေးရွာနေ ရာအိမ်မှူး အငယ်လေး (ခ) ဦးသက်နိုင်စိုးအး ယမန်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃၊ တပ်ခွဲ ၂ နှင့် မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ဦးသက်နိုင်စိုး နေအိမ်အတွင်း ဝင်ရောက်ကာ ဦးခေါင်းကို သေနတ်ဖြင့် ၃ ချက် ပစ်ခတ်သတ်ဖြတ်ခဲ့ကြခြင်းဖြစ်သည်။

ရာအိမ်မှူး အငယ်လေး (ခ) ဦးသက်နိုင်စိုးသည် စစ်မှုထမ်းကြေးဟုဆိုကာ မရှိနွမ်းပါးကြသည့် ပြည်သူများထံမှ ငွေကြေးများ အတင်းအကြပ် ကောက်ခံပြီး ကောက်ခံငွေ မပေးသူများအား စစ်တပ်ခေါ် ဖမ်းဆီးခိုင်းခြင်း​၊ မမှန်သတင်းပေးကာ ပြည်သူများအား ဖမ်းဆီးခိုင်းခြင်း၊ PDF တပ်များအား ဂရုမစိုက်ဘူးဟုဆိုကာ စိန်ခေါ်နေသည့်အတွက် သတ်ဖြတ်ရကြောင်း ကျူးလွန်သည့် PDF သုံးဖွဲ့က ဆင်ခြေပေးသော်လည်း အဆိုပါ စွပ်စွဲချက်များ မှန် မမှန် MT News က မြေပြင်အတည်မပြုနိုင်ဘဲ သတ်ဖြတ်သည့် PDF များ၏ ဝန်ခံချက်ကိုသာ ဖော်ပြခြင်းဖြစ်သည်။

ပဲခူးတိုင်းသည် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ အများအပြား သတ်ဖြတ်ခံရသည့် တိုင်းတစ်ခုဖြစ်သလို ဖမ်းဆီးရမိမှုလည်း မရှိသလောက်နည်းပါးသည်။ နွေဦးတော်လှန်ရေးစတင်ချိန်မှ ၂၀၂၄ ခုနှစ်အကုန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။

မူရင်းသတင်း — Myanmar Transparency News