Myanmar Transparency News

အုတ်ဖို၊ ချောင်းခွရွာနေ လက်နက်မဲ့အမျိုးသားတစ်ဦးကို သတင်းပေးဟုဆိုကာ အုတ်ဖို PDF သတ်ဖြတ်လိုက်ပြီး ပါလာသော ငွေ ၃၈၀၀၀ ကျပ်ကို လုယက်သိမ်းယူ

၁၅. ၃. ၂၀၂၅
Written by Nay Moe

အုတ်ဖိုမြို့နယ်၊ ချောင်းခွ(ကေ) ရွာနေ လက်နက်မဲ့အမျိုးသားတစ်ဦးကို သတင်းပေးဟုဆိုကာ အုတ်ဖို PDF အဖွဲ့က သတ်ဖြတ်လိုက်ပြီး ပါလာသော ငွေ ၃၈၀၀၀ ကျပ်ကို လုယက်သိမ်းယူမှု ကျူးလွန်ခဲ့သည်ဟု ကျူးလွန်ခဲ့သည့် NUG ဩဇာခံ PDF များ၏ တော်လှန်ရေးအမည်ခံ ပြစ်ဒဏ်ကျူးလွန်မှုဝန်ခံချက်အရ သိရသည်။

သတ်ဖြတ်မှုကျူးလွန်သည့်ဖြစ်စဥ်မှာ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ သရက်နှစ်ဖျားလိမ်အုပ်စု၊ ချောင်းခွ (ကေ) ရွာနေ လက်နက်မဲ့အမျိုးသားဖြစ်သည့် ဦးအေးလွင် ဆိုသူကို စစ်တပ် သတင်းပေးဟုဆိုကာ မတ်လ ၁၁ ရက် နံနက် ၉ နာရီခန့်တွင် ချောင်းခွ (ကေ) ရွာထိပ်၌ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို၏ PDF များက သေနတ်ကျည် ၁ ချက် ဦးခေါင်းတည့်တည့် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး လွယ်အိတ် ၁ လုံး၊ ထောက်ခံစာ ၃ ရွက်နှင့် ငွေသား ၃၆၀၀၀ ကျပ်ကို လုယက် သိမ်းဆည်းခဲ့ကြသည်။

ဦးအေးလွင်သည် PDF များ၏ အချက်အလက်များ​အား စုံစမ်းထောက်​လှမ်း​၍ သတင်းပို့ခြင်း၊ PDF များက တိုက်ခိုက်ရန် ထောင်ထားသည့် မိုင်းကွင်းများကို သတင်းပေး ပြသခြင်း၊ လူငယ်များအား ပေါ်တာဆွဲရန် သတင်းပေးခြင်းများ လုပ်ဆောင်နေသောကြောင့် သတ်ဖြတ်သည်ဟု သက်သေမပါဘဲ အကြောင်းပြသလို MT News ကလည်း ထိုစွပ်စွဲချက်များ မှန် မမှန် အတည်မပြုနိုင်ဘဲ ကျူးလွန်သည့် အုတ်ဖို PDF ၏ လူသတ်မှုကိုသာ ဖော်ပြခြင်းဖြစ်သည်။

ပဲခူးတိုင်းသည် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ အများအပြား သတ်ဖြတ်ခံရသည့် တိုင်းတစ်ခုဖြစ်သလို ဖမ်းဆီးရမိမှုလည်း မရှိသလောက်နည်းပါးသည်။ နွေဦးတော်လှန်ရေးစတင်ချိန်မှ ၂၀၂၄ ခုနှစ်အကုန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။

မူရင်းသတင်း — Myanmar Transparency News