Myanmar Transparency News

နေအိမ်ရှေ့ လမ်းလျှောက်နေသူ လက်နက်မဲ့အမျိုးသားကြီးတစ်ဦးကို ဒလန်ဟုဆိုကာ PDF ၁၀ ဦးက ဓားဖြင့် ထိုးခုတ်သတ်ဖြတ်

၂၄. ၃. ၂၀၂၅
Written by Nay Moe

နေအိမ်ရှေ့ လမ်းလျှောက်နေသူ လက်နက်မဲ့အမျိုးသားကြီးတစ်ဦးကို ဒလန်ဟုဆိုကာ PDF ၁၀ ဦးက ဓားနဲ့ ထိုးခုတ်သတ်ဖြတ်မှု ငါန်းဇွန်မြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဒီနေ့ထုတ်ပြန်ပါတယ်။

ဖြစ်စဥ်က မတ်လ ၂၂ ရက်နေ့ ည ၆ နာရီခွဲမှ မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ သံကုန်းကျေးရွာမှာ ဓားနဲ့ ထိုးခုတ်ခံရလို့ အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးခဲ့ရာမှာ အဆိုပါကျေးရွာနေ ဦးညွန့်လှ(၆၀)နှစ်ဟာ နေအိမ်ရှေ့ လမ်းလျှောက်နေချိန် PDF ၁၀ ဦး(စိစစ်ဆဲ)က ဆိုင်ကယ်ငါးစီးနဲ့ ရောက်ရှိလာပြီး “သတင်းပေး/ဒလန်”လို့ ပြောဆိုစွပ်စွဲကာ ဓားနဲ့ ထိုးခုတ်သတ်ဖြတ်သွားခဲ့လို့ ဦးညွန့်လှဟာ ဓားဒဏ်ရာများစွာရရှိကာ သေဆုံးသွားခဲ့တာလို့ သိရပါတယ်။

နွေဦးတော်လှန်ရေးစတင်ချိန်ကနေ ၂၀၂၄ ခုနှစ်အကုန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်ဟာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ NLD, NUG, PDF, EAOs တို့ရဲ့ သတ်ဖြတ်မှုကို ခံထားရပါတယ်။

မူရင်းသတင်း — Myanmar Transparency News