Myanmar Transparency News

ဆယ်ပေအမြင့်ရှိတဲ့ ပွဲရုံအပေါ်ထပ်ကနေ လုပ်သားတစ်ဦး ပြုတ်ကျသေဆုံး

၂၅. ၃. ၂၀၂၅
Written by Hey Mar

ပွဲရုံမှာ နေထိုင်အလုပ်လုပ်တဲ့ လုပ်သားတစ်ဦး မနက်အစောပိုင်းက သူနေထိုင်ရာပွဲရုံအ‌ပေါ်ထပ်ကနေ ပြုတ်ကျသေဆုံးမှု ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ် ဒီနေ့ မတ်လ ၂၅ ရက်နေ့ မနက်အ‌စောပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ပွဲရုံ၊ ကားကြီးကွင်းပတ်လမ်းက ပွဲရုံတစ်ရုံမှာ ဖြစ်ပွားခဲ့တယ်လို့ နိဗ္ဗာန်ယာဉ် ထွက်ခွာကူညီခဲ့တဲ့ မြတ်ကုသိုလ်လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

သေဆုံးနေသူက ကိုဇင်မင်းဖြိုး အသက်(၂၉)နှစ် ဖြစ်ပြီး ဆယ်ပေအမြင့်ကနေ မြေပြင်ကို မှောက်ခုံကျကာ ပြင်းထန်ဒဏ်ရာရရှိ သေဆုံးခဲ့တာပါ။

ရုပ်အလောင်းသွားရောက်သယ်ဆောင်ခဲ့တဲ့ မြတ်ကုသိုလ် လူမှုကူညီရေးအသင်း တာဝန်ရှိသူက ” ဘုရင့်နောင်နယ်မြေရဲစခန်းက ဆက်သွယ်လာလို့ အသင်းက နိဗ္ဗာန်ယာဥ်ထွက်ပေးတာပါ။ သေဆုံးတာကတော့ ပုံပါအတိုင်း မှောက်လျှက်ပါ” လို့ MT News ကို ပြောပါတယ်။

ရုပ်အလောင်းကို မြတ်ကုသိုလ်အသင်း(နာ/ကူ)
အသင်းသား‌တွေက သယ်ဆောင်ထုပ်ပိုးကာ အင်းစိန်ဆေးရုံဆီ သက်ဆိုင်ရာက ရဲလုပ်ငန်းစဉ်တွေ ဆက်လက်ဆောင်ရွက်ဖို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News